ယနေ့ (မေ ၃ ရက်) နံနက်အစောပိုင်း ဒေသစံတော်ချိန် ၇ နာရီ ၄၁ မိနစ်တွင် မြောက်ကိုရီးယားဘက်မှ နှစ်နိုင်ငံနယ်စပ်ရှိ တောင်ကိုရီးယား ကင်းစခန်းတစ်ခုဆီသို့ ဦးတည်ပြီး သေနတ်ဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်ဌာနမှ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုတွင် တောင်ကိုရီးယားဘက်ကလည်း မြောက်ကိုရီးယားဘက်သို့ သေနတ်ဖြင့် နှစ်ချက် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူ မရှိခဲ့ဘူးလို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ယခုပစ်ခတ်မှုဟာ ရက် ၂၀ အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် လူမြင်ကွင်းမှာ ပြန်လည်ထွက်ပေါ်လာပြီးနောက် ဖြစ်ပွားခဲ့တာလည်း ဖြစ်ကြောင်း သိရှိရပါသည်။
Crd : Duwun
0 comments:
Post a Comment