Tuesday, May 19, 2020

စာသင်ကျောင်းများ ပြန်လည်ဖွင့်တော့မည်ဖြစ်သောကြောင့် ပုသိမ်မြို့နှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းပတ်ဝန်းကျင်နှင့်ပိုးသတ်ဆေးဖြန်းခြင်းများ တပ်မတော်သားများဆောင်ရွက်

Image may contain: one or more people, tree, plant, outdoor and nature

စာသင်ကျောင်းများအား ပြန်လည်ဖွင့်တော့မည်ဖြစ်သောကြောင့် Covid-19 ကူးစက်ရောဂါကာကွယ်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်း ကျင် သန့်ရှင်းသာယာလှပရေးအတွက် မေ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက စာသင်ခန်းအတွင်း၊အပြင် သန့်ရှင်းရေးများ ဆောင်ရွက်ပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ခုံများ ပြန်လည်ပြုပြင်ခြင်းနှင့် နေရာချထားပေးခြင်း၊ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးခြင်းနှင့် ကူးစက်ရောဂါကာကွယ်ရေးအထောက် အကူဖြစ်စေရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ပြည်စံအောင်)၊ ပျဉ်းမနားမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(မရမ်းခုံ)နှင့် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ဇေယျာသီရိ)တို့၌ တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်း ပတ်ဝန်းကျင်သာယာလှပရေးတို့အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ကျောင်းဝန်းအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း နှင့် ပိုးသတ်ဆေးဖျန်းခြင်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Image may contain: one or more people, people standing, tree, sky, house and outdoor
Image may contain: plant and outdoor
သတင်းစဉ်

0 comments:

Post a Comment