Tuesday, May 19, 2020

ထိုင်းမှာပိတ်မိနေသည့် ရွေ့ပြောင်းမြန်မာအလုပ်သမားများကို မေ ၂၂ ရက်တွင် စတင်ခေါ်ယူမည်

Image may contain: text
ထိုင်းနိုင်ငံ မှာပိတ်မိနေတဲ့ ရွေ့ပြောင်းမြန်မာအလုပ်သမားတွေကို မေ ၂၂ ရက်မှ စတင်ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

မေ ၂၂ ရက်ည ၁၀ နာရီမှာ တစ်ကြိမ် ၊ ည ၁၂ နာရီ မှာ တစ်ကြိမ် ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်ကတစ်ဆင့် မဲဆောက်မြို့ကို ယာဉ်တန်းနဲ့ ထွက်ခွာနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ယာဉ်တန်းတစ်ခုမှာ ဘတ်စ်ကား ၅ စီး ပါဝင်မှာဖြစ်ပြီး ကားတစ်စီးကို ၂၁ ဦးလိုက်ပါနိုင်ကာ ထိုင်းရဲတပ်ဖွဲ့က မော်တော်ယာဉ် အစောင့်အရှောက်အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ပြန်မည့်သူတစ်ဦးစီအတွက် ကားခ ဘတ် ၁၀၄၈ ကုန်ကျမှာဖြစ်ပြီး ကီလို ၂၀ ထက်မပိုတဲ့ ခရီးဆောင်အိတ် ၂ လုံးကိုသာ သယ်ဆောင်ခွင့်ရရှိမှာဖြစ်ပါတယ်။
နေ့ရက်အလိုက်လိုက်ပါစီးနင်းခွင့်ရမယ့် ခရီးသည်တွေရဲ့အမည်စာရင်းကိုကြေညာပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း စနစ်တကျသွားလာနိုင်မှုအပေါ်မူတည်ပြီး သွားလာခွင့်အရေအတွက်ကို တိုးမြှင့်ရရှိမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
Image may contain: text
No photo description available.

0 comments:

Post a Comment