
Covid-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း စားရေးအထောက်အကူဖြစ်စေရန်အတွက် နယ်မြေခံတပ်မတော်သားများ၏ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ဥနှင့် နို့များ၊ တပ်မတော်ထုတ် စား သောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းနှင့် ဟင်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ရောင်းချပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ထိုသို့ရောင်းချမှုကို နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာ နချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တို့တွင် နယ်မြေခံတပ်မတော်သားများက ဆောင်ရွက်ခဲ့ပြီး ရောင်းချပေးသည့် ဈေးနှုန်းများသည် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြစ်သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောဆိုထားသည်။


Ref ; Myanmar Harp Media






0 comments:
Post a Comment