
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း COVID-19 ရောဂါ ပြန့်ပွားမှုကြိုတင် ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် တပ်မတော်က လှူဒါန်းသည့် Oximeter (၁) ခု၊ Infrared Thermometer (၄) ခု၊ Goggle (၅)ခု၊ လက်ဆေးဆပ်ပြာ (၆၀) ဗူး၊ Surgical Gloves (၂၁၀) ခုတို့ကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက ပြင်ဦးလွင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး (ခုတင် ၃၀၀ ဆံ့)သို့ သွားရောက် ပေးအပ်လှူဒါန်းရာ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းပပဝင်းနှင့် တာဝန်ရှိသူများမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Source - ချယ်ရီသစ္စာ










0 comments:
Post a Comment