Monday, May 18, 2020

ရန်ကုန် သူနာပြုတက္ကသိုလ်အဆောက်အအုံပြိုကျမှုဖြစ်စဉ်အား ကော်မတီဖွဲ့စစ်ဆေးမည်

Image may contain: tree, sky, house and outdoor

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ သူနာပြုတက္ကသိုလ် အဆောက်အအုံပြိုကျမှု ဖြစ်စဉ်ကိုကော်မတီဖွဲ့စစ်ဆေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

မေလ ၁၇ ရက် နေ့လယ်က လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ သူနာပြုတက္ကသိုလ် လေးထပ်အဆောက်အအုံအပေါ်ဆုံး ဘယ်ဘက်ထောင့်ရှိ အမိုးနှင့် မျက်နှာကြက်များ ပြိုကျမှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန် ကြီး ဒေါ်နီလာကျော် အပါအဝင် တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့သည်။
‘‘ကျွန်မတို့က သူနာပြုတက္ကသိုလ်ပြိုကျတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာအသင်းစတဲ့ ကျွမ်းကျင်သူတွေနဲ့ ကော်မတီဖွဲ့ စစ်ဆေးသွားပါမယ်။ စစ်ဆေးတွေ့ရှိချက်တွေကို ကော်မတီကနေ ထပ်မံထုတ်ပြန်သွားပါမယ်’’ ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
တက္ကသိုလ် အဆောက်အအုံ ပြိုကျမှုတွင် အမိုးနှင့် မျက်နှာ ကြက်များ စတင်ပြိုကျကာ ယင်း အပျက်အစီးများက အဆောက် အအုံ ဆင်ဝင်ပေါ်သို့ ထပ်မံပြိုကျ သဖြင့် တက္ကသိုလ်ဆင်ဝင် ဆောင်မှာလည်း ပျက်စီးမှုများရှိ ခဲ့သည်ဟု လမ်းမတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက ပြော သည်။
‘‘တက္ကသိုလ် အနေနဲ့က လက်ရှိကာလမှာ သင်တန်းအား လုံး ပိတ်ထားတဲ့အချိန်ဖြစ်တဲ့ အတွက် သင်တန်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ ရှိမနေပါဘူး။ နောက်တစ်ခု ဒီနေ့ (မေလ ၁၇ ရက်၊ တနင်္ဂနွေနေ့) က ရုံးပိတ် ရက်ဖြစ်တော့ လုံခြုံရေးကလွဲလို့ ဘယ်သူမှမရှိတဲ့အတွက် လူထိ ခိုက်ဒဏ်ရာရတာမရှိခဲ့ဘူး’’ ဟု ၎င်းက ပြောသည်။
‘‘ဒီအဆောက်အအုံ အစ အဆုံးပြန်စစ်မယ်။ ဘယ်ကန်ထ ရိုက်နဲ့ ဆောက်ခဲ့သလဲ။ ကန်ထ ရိုက်ကို သိတော့သိနေပြီ။ ဒါပေမဲ့ မသေချာလို့ မပြောသေးဘူး။ နောက် ဘယ်လိုခွင့်ပြုချက်ယူ ဆောက်လဲ။ စံချိန်စံညွှန်းက အစ စစ်မယ်’’ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
အထက်ပါ တက္ကသိုလ်အ ဆောက်အအုံကို ၂၀၁၁ တွင် ပြည်မဟာ ဆောက်လုပ်ရေးကုမ္ပ ဏီက တာဝန်ယူတည်ဆောက်ခဲ့ ခြင်းဖြစ်ကာ ၂၀၁၃ တွင် လုပ်ငန်း ပြီးစီး၍ သက်ဆိုင်ရာဝန်ကြီးဌာန ထံ ပြန်လည်အပ်နှံကာ ယင်းနှစ် စက်တင်ဘာ၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီဝင် ဒေါ် လှိုင်ဦးမော်က အတည်ပြုသည်။
‘‘ကျွန်မတို့အဆောက်အအုံဌာနအနေနဲ့လည်း ကော်မတီဖွဲ့ စစ်ဆေးတဲ့အခါ လိုအပ်သလို ပူး ပေါင်း ဆောင်ရွက်သွားဖို့ရှိပါ တယ်။ အဓိကကတော့ အင်ဂျင် နီယာအသင်းက ကျွမ်းကျင်သူ တွေနဲ့ ပါဝင်ဖွဲ့စည်းသွားမှာဖြစ် တယ်လို့ပဲ ပြောနိုင်ပါတယ်။ အသေးစိတ် ဘယ်လိုဆောင်ရွက် မယ်ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး’’ဟု ၎င်းက ပြောသည်။
အထက်ပါ တက္ကသိုလ်အဆောက်အအုံပြိုကျမှုဖြစ်စဉ်အား သွားရောက်စစ်ဆေး ကြည့်ရှုခဲ့သည့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း တာဝန်ရှိသူအချို့ထံ ဆက်သွယ်ခဲ့သော်လည်း အဆက် အသွယ်မရရှိသေးကြောင်း သိရှိရပါသည်။
Image may contain: outdoor
Image may contain: sky and outdoor
Crd : 7Day

0 comments:

Post a Comment