Monday, May 18, 2020

တပ်မတော်မှ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

Image may contain: one or more people, people standing and indoor
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှုများ ကန့်သတ်ချက်များရှိလာသဖြင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ စားသောက်ရေး အခက်အခဲမရှိစေရန်အတွက် တပ်မတော်က ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ပေးအပ် ချီးမြှင့်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

ထို့သို့ ပေးအပ်ရာတွင် ပြင်ဦးလွင်ခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ စုစုပေါင်း ၁၅၁ ဦးအတွက် ၁၆ ရက်စာ စားသုံးနိုင်ရန် တစ်ဦးလျှင် ၅ ပြည် ၅ ဗူး၊ ဆီ ၃၂ ကျပ်သား၊ ဆား ၂၈ ကျပ်သား၊ ပဲ ၄၈ ကျပ်သား၊ စုစုပေါင်း ဆန် ၃၅ အိတ်၊ ဆီ ၄၉ ပိဿာ၊ ဆား ၄၂ ပိဿာနှင့် ပဲ ၇၃ ပိဿာ တို့ကို ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက် ပေးအပ်ချီးမြှင့်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Image may contain: 1 person, standing and indoor
Image may contain: 1 person, standing and indoor
Image may contain: one or more people and indoor
Image may contain: 1 person, tree, sky, outdoor and nature
Image may contain: one or more people, people standing, people sitting, tree and outdoor
Image may contain: one or more people, tree and outdoor
Image may contain: 1 person, standing and outdoor
Image may contain: one or more people, people standing, tree, shoes, basketball court and outdoor
Crd : ချယ်ရီသစ္စာ #Myanmar_Online_News

0 comments:

Post a Comment