
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှုများ ကန့်သတ်ချက်များရှိလာသဖြင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ စားသောက်ရေး အခက်အခဲမရှိစေရန်အတွက် တပ်မတော်က ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ပေးအပ် ချီးမြှင့်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ ပေးအပ်ရာတွင် ပြင်ဦးလွင်ခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ စုစုပေါင်း ၁၅၁ ဦးအတွက် ၁၆ ရက်စာ စားသုံးနိုင်ရန် တစ်ဦးလျှင် ၅ ပြည် ၅ ဗူး၊ ဆီ ၃၂ ကျပ်သား၊ ဆား ၂၈ ကျပ်သား၊ ပဲ ၄၈ ကျပ်သား၊ စုစုပေါင်း ဆန် ၃၅ အိတ်၊ ဆီ ၄၉ ပိဿာ၊ ဆား ၄၂ ပိဿာနှင့် ပဲ ၇၃ ပိဿာ တို့ကို ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက် ပေးအပ်ချီးမြှင့်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။








Crd : ချယ်ရီသစ္စာ #Myanmar_Online_News






0 comments:
Post a Comment