Tuesday, May 19, 2020

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နယ်မြေခံတပ်မတော်သားများမှ ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေး

Image may contain: one or more people, tree, plant, outdoor and nature

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် ၅၅လမ်းနှင့် ၅၆လမ်းကြား၊ ဧမေတ္တာလမ်းနှင့် အေးသုခလမ်းကြား၊ အကွက်အမှတ်(ဒဒ/၄၈+၄၉)ရှိ ဦးမျိုးအောင်၏နေအိမ်မှစတင်၍ ယနေ့ ၁၁နာရီ ၅၃မိနစ်ချိန်ခန့်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်ရာသို့ နယ်မြေခံတပ်မတော်သားများနှင့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ(၆၀)ဦး၊ အရံ (၁၀၀)ဦးတို့က မီးသတ်ယာဉ်(၂၅)စီး၊ ရေသယ်ယာဉ်(၁၀)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရှင်းလင်းဆောင်ရွက်ပေးမှုကြောင့် နေ့လည် ၁၂နာရီ ၂၇မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် အဆိုပါ မီးလောင်မှုကြောင့် ဘေးပတ်ဝန်းကျင်နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ အိမ်ခြေ (၂၀)မှ အိမ်ထောင်စု(၂၄)စု၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး မီးဘေးသင့်ပြည်သူများအား အဆိုပါရပ်ကွက်ရှိ အေးသုခဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်နေရာချထားကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းမှုကြောင့် အိမ်၏ဆုံးရှုံးမှုတန်ဖိုး ၇၅သိန်း၊ အိမ်တွင်းပစ္စည်း ဆုံးရှုံးမှုတန်ဖိုး ၂၀သိန်း၊ စုစုပေါင်း (၉၅)သိန်းခန့် ဆုံးရှုံးခဲ့ပြီး အိမ်ပိုင်ရှင် ဦးမျိုးအောင်အား စက်မှုနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားလျက်ရှိကြောင်း သတင်းရရှိသည်။
Image may contain: plant, tree, outdoor and nature
Image may contain: 1 person, shoes and outdoor
Image may contain: one or more people, tree, sky and outdoor
Source - ပြည်ထောင်စုညီနောင်များ

0 comments:

Post a Comment