Tuesday, May 19, 2020

ဒေးဗစ်လားကို တရားစွဲဆိုမှု မြို့နယ်နှင့် ခရိုင်ကပလပ်သည်နှင့်ပတ်သက်၍ ဆရာတော်ဦးပါမောက္ခ မေးခွန်းထုတ်

Image may contain: 1 person, standing

ဗုဒ္ဓဘာသာကို စော်ကားဟောပြောခဲ့သည်ဟုဆိုကာ ခရစ်ယာန်တရားဟောဆရာဖြစ်သူ စောဒေးဗစ်လားကို မကွေးကျောင်းဆရာတော်ဦးပါမောက္ခက အင်းစိန်မြို့နယ်တရားရုံးနှင့် ရန်ကင်းမြို့နယ်တရားရုံးများတွင် တရားစွဲဆိုခဲ့ရာ ပလပ်ခဲ့သဖြင့် အဆိုပါမြို့နယ်များနှင့်သက်ဆိုင်သည့် မြောက်ပိုင်းခရိုင်တရားရုံးနှင့် အနောက်ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်မှု တက်ခဲ့သော်လည်း ခရိုင်တရားရုံးနှစ်ရုံးက ထပ်မံပလပ်ခဲ့သည့်အတွက် တရားစွဲဆိုမရသည့်အပေါ် ဆရာတော်ဦးပါမောက္ခက မေးခွန်းထုတ်ခဲ့သည်။

ဒေးဗစ်လားကို တရားစွဲဆိုရန် မြို့နယ်နှင့် ခရိုင်တရားက ပလပ်ခဲ့ခြင်းသည် ဒုသမ္မတ ခရစ်ယာန်ဖြစ်နေသဖြင့် ထိုကဲ့သို့ တရားစွဲဆိုခြင်း မရသည်လား ဒါမှမဟုတ် ဒေးဗစ်လားက ကနေဒါနိုင်ငံသားခံယူထားသည့်အတွက်လားဟု မကွေးကျောင်းဆရာတော် ဦးပါမောက္ခက မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

"ဘုန်ကြီးတို့ မြန်မာနိုင်ငံမှာ ၈၅ ရာခိုင်နှုန်းသော ပြည်သူတွေဟာ ဗုဒ္ဓဘာသာတွေပါ။ အဲဒီ ၈၅ ရာခိုင်နှုန်းသော ဗုဒ္ဓဘာသာပြည်သူတွေရဲ့ အလိုဆန္ဒကို မျက်ကွယ်ပြုပြီးတော့ ပလပ်ခြင်းသာလျှင်ဖြစ်တယ်။ အမှုက တစ်ရာရာခိုင်နှုန်း ဒေးဗစ်လားပြောဆိုတာတွေက ၂၉၅(က)အရ တစ်ရာရာခိုင်နှုန်း ပြစ်မှုမြောက်ပါတယ်။ ဒါကို မြို့နယ်ကရော ခရိုင်ကရောပလပ်ခြင်းက အမွန္တရားဟာ တရားရုံးမှာ ပပျောက်သွားတယ်။ နောက်တစ်ချက်ပြောလိုတာက အထက်ကအုပ်ချုပ်ရေးမှူးပိုင်းဆိုင်ရာကများ အမှုကို ပလပ်ဖို့၊ လက်မခံဖို့များ ပြောထားသလား။ သံသယဝင်မိတယ်ပေါ့နော်။ ဒုသမ္မတ ခရစ်ယာန်ဘာသာဖြစ်တဲ့အတွက်ကြောင့် ဘုန်းကြီးတို့က ဒေးဗစ်လားပြစ်မှုမြောက်နေတာကို တရားစြဲမရတာလား။ ဒါမှမဟုတ်လို့ ဒေးဗစ်လားက ကနေဒါနိုင်ငံသားခံယူထားလို့လား" ဟု ဆရာတော် ဦးပါမောက္ခက Tomorrow သို့ မိန့်ကြားသည်။
မကွေးကျောင်းဆရာတော် ဦးပါမောက္ခ၏ ထိုသို့ပြင်ဆင်မှုတက်ခြင်းအပေါ် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက မေလ ၁၅ ရက်တွင် ပလပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မြောက်ပိုင်းခရိုင်တရားရုံးကလည်း မေလ ၁၈ ရက်တွင် ပလပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဘုန်းကြီးတို့ တိုင်းတရားရုံးကို ပြင်ဆင်မှု(အယူခံ)တက်မယ်ပေါ့။ တိုင်းတရားရုံးကပလပ်ရင် နေပြည်တော်ကို တက်မယ်ပေါ့နော်။ နေပြည်တော်ကပလပ်ရင် ဘုန်းကြီးတို့က တရားရုံးကဏ်ဏ္ဍပြီးသွားရင် ဘုန်းကြီးတို့က ဆန္ဒပြဖြစ်မလား၊ သတင်းစာရှင်းလင်းပွဲလုပ်ဖြစ်မလား အဲဒီလိုအဆင့်ဆင့်လုပ်မယ်။ ဒေးဗစ်လားကို ကန့်ကွက်သူတွေစုပေါင်းပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကနေတစ်ဆင့် ကေနဒါအစိုးရကို ပေးပို့မယ်။ နောက်ပိုင်းကျရင်တော့ ဘုန်းကြီးတို့သံဃာထုတွေ ညီညွတ်တဲ့အများဆန္ဒအတိုင်းပဲ စုဝေးပြီးတော့ သပိတ်မှောက်သင့်ရင် မှောက်ရပါလိမ့်မယ်" ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
လက်ရှိတွင် ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်(ခ)စောဒေးဗစ်လား၊ ဦးဝေထွန်း(နဝရတ်တေးသံသွင်း)၊ ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နှင့် အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် မရမ်းကုန်းမြို့မရဲစခန်းနှင့် အင်းစိန်မြို့မရဲစခန်းတို့၌ အမှုဖွင့်ထားကြောင်း သိရသည်။

Ref ; Tomorrow News Journal

0 comments:

Post a Comment