
သက်တော်ရှည် အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းသည် နှလုံးနဲ့ဆက်စပ်တဲ့ ရင်ခေါင်းအောင့်ရောဂါဝေဒနာတစ်ရပ်ခံစားနေရသောကြောင့် ယမန်နေ့ ညနေပိုင်းက ဆေးရုံတင်လိုက်ရကြောင်း သိရသည်။
ဆင်ဟွာသတင်းရဲ့ဖော်ပြချက်အရ ဒေလီမြို့အခြေစိုက် All India Institute of Medical Sciences(AIIMS)က နှလုံး ရောဂါအဆောင်မှာ မန်မိုဟန်ဆင်း ကုသခံနေရတယ်လို့ သိရသည်။
ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းသည် လက်ရှိအချိန်တွင် အသက် ၈၇ နှစ်အရွယ်ရှိပြီဖြစ်ကာ ၂၀၀၄ ခုနှစ်ကစလို့ အိန္ဒိယဝန်ကြီးချုပ်အဖြစ် ၁၀နှစ်ကြာ တာဝန်ယူခဲ့တာဖြစ်ကြောင်း သိရပါသည်။


သတင်း - မောင်ဇေယျ
Crd : TheStandardTimeDaily






0 comments:
Post a Comment