
ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ အား အမှူးထား၍ ပြည်ထဲရေး၀န်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ+ ဒေါ်၀င်း၀င်းမော် မိသားစုမှ မြိုနယ်ကြက်ခြေနီ အသင်းခွဲ (စစ်ကိုင်းမြို့နယ်) အား Original Ambulance တစ်စီး မေလ ၁၂ ရက်နေ့နံနက်ပိုင်း စစ်ကိုင်းမြို့တော်ခန်းမ၌ လှူဒါန်းခဲ့သည်။
အဆိုပါ ယာဉ်လှူဒါန်းပွဲသို့ စစ်ကိုင်းခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်၀င်းလှိုင်၊စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ခိုင်ထွန်း၊စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦး၀င်းနိုင်၊စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာမှတာ၀န်ရှိသူများ၊စစ်ကိုင်းခရိုင်/မြို့နယ်ကြက်ခြေနီမှတာ၀န်ရှိသူများ၊ စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့၊စစ်ကိုင်းမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၀င်များတက်ရောက်ခဲ့သည်။







Ref ; ဇေယျာတိုင်းမ်






0 comments:
Post a Comment