
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ ပင်လုံကျေးရွာအနီး လေးတန်ချောင်းတွင် ဒေသအတွင်း တောင်သူများအတွက် လယ်မြေဧက (၄၅၀) ကျော်ကို အကျိုးပြုဖြစ်ထွန်းပြီး ရာသီမရွေး စိုက်ပျိုးရေ ပေးဝေနိုင်မည့် ပင်လုံဆည် တည်ဆောက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီနေပြီဖြစ်ကြောင်း မြတ်ထက်စံကုမ္ပဏီမှ ဆည်တည်ဆောက်ရေး အထွေထွေမန်နေဂျာ ဦးအောင်နိုင်စိုးထံမှ သိရသည်။
အဆိုပါ ပင်လုံဆည်မှာ ကချင်ပြည်နယ်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း) မှ (၂၃၅ ဒသမ ၀၀) ကျပ်သန်းဖြင့် “မြထက်စံ” ကုမ္ပ ဏီက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်မှ စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၀ ခုနှစ် မေ ၃၁ ရက်တွင် လုပ်ငန်းပြီးစီးနိုင်မည်ဖြစ်ကြောင်း၊ ဆည် အလျား ၃၅၀ ပေ၊ အကျယ် ၄၉ ပေ နှင့် ကျောက်ခြင်း ၂၀ ပေစုစုပေါင်း (၆၉) ပေကျော်ခန့်ရှိကြောင်း ထက်မြတ်စံကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုးနိုင်က ပြောကြားသည်။
“ကျွန်တော့အနေနဲ့ တစ်လကိုနှစ်ကြိမ် အခုလိုလာရောက်ကြည့်ရှု့ပြီး ပြီးစီးမှုပမာဏကို မြို့နယ်ကို ဆက် လက်တင်ပြရပါတယ်။ လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ တွေ့ဆုံပြီး ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို ပေါင်းစပ်ညှိနှိုင်းပေးရပါတယ်” ဟု ပင်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသာစိုးကပြောကြားသည်။
ဆည်တည်ဆောက်မှုကို နေ့စဉ်လုပ်သား(၅၀)ဦးဖြင့် ဆောင်ရွက်နေပြီး အဆိုပါအလုပ်သမားများမှာ ဒေသခံ ကျေးရွာသားများဖြစ်သည့်အတွက် နေ့စဉ်စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။
အဆိုပါပင်လုံဆည် တည်ဆောက်မှု ပြီးစီးပါက ပင်လုံကျေးရွာနှင့် သာယာကုန်းကျေးရွာများမှ တောင်သူများ၏ လယ်စိုက်ဧက (၄၅၀) ကျော်ခန့် ရာသီမရွေး စိုက်ပျိုးနိုင်တော့မည်ဖြစ်သည်။


သတင်း - နီတိုး






0 comments:
Post a Comment