
ရခိုင်ပြည်နယ်၊ အမ်းမြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာဓိက၊ မင်းကျောင်းဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ခေမာဝံသနှင့် ဝဏ္ဏိတာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတတို့အား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော်၍ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့ပြင် အမ်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆေးကုသရေးအဖွဲ့က COVID-19 ရောဂါကြိုတင်ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် အဖွဲ့ဝင်များက သံဃာတော် များ၏ ကျန်းမာရေးအခြေအနေများအား မေးမြန်းလျှောက်ထား အားပေးစကားပြောကြား သည်။
၎င်းအပြင် အမ်းတပ်နယ်မှ တပ်မတော်သားများက မြို့ဦးကျောင်း၊ မင်းကျောင်း၊ ဝဏ္ဏိတာရာမ ပရိယတ္တိစာသင်တိုက်၊ အင်းဝဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ မြို့ဟောင်း၊ မြို့သစ် နေရာများရှိ အများနှင့်သက်ဆိုင်သောနေရာများတွင် COVID-19 ရောဂါကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်






0 comments:
Post a Comment