Monday, May 18, 2020

မိုးညှင်းမြို့နယ် မော်ဟန်-နမ္မချီမှော်သွားလမ်းပေါ်တွင် လိုင်စင်မဲ့ယာဉ်ဖြင့် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်သူများကို ဖမ်းဆီးရမိ

Image may contain: one or more people, people standing and outdoor

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်-နမ္မချီမှော်သွားလမ်း၌ လိုင်စင်မဲ့မော်တော်ယာဉ်ပေါ်မှ ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့မေ ၁၈ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများသယ်ဆောင်လာကြောင်းသတင်းအရ ခရိုင်မှု/နှိမ်ဌာနစိတ်မှ ရဲအုပ်ထွန်းလှိုင်ဦးစီး တပ်ဖွဲ့ဝင်များက မော်ဟန်-နမ္မချီမှော်သွားလမ်း ငါးကန်ဟောင်းအနီးတွင် မေ ၁၆ ရက် ညနေ ၆ နာရီ၌ စောင့်ဆိုင်းခဲ့သည်။
ထိုသို့စောင့်ဆိုင်းနေစဉ် နမ္မချီမှော်ဘက်မှ မော်ဟန်ကျေးရွာဘက်သို့မောင်းနှင်လာသည့် IPSUM အမျိုးအစား လိုင်စင်မဲ့ယာဉ်ကိုစစ်ဆေးတွေ့ရှိခဲ့သည်။
ဟိုပင်မြို့ နေသူ ကျော်သက်ဦး ၃၂နှစ်က အဆိုပါယာဉ်ကို မောင်းနှင်ပြီး ဟိုပင်မြို့၌နေသူများဖြစ်သည့် ကြည်ရုံ၃၂နှစ်၊ ဝေဦး ၃၀နှစ်နှင့် သက်အောင်ဝင်း၂၅နှစ်တို့က ယာဉ်ပေါ်တွင် လိုက်ပါလာသည်ကို တွေ့ရှိခဲ့သည်။
ယာဉ်၏နောက်ခန်းကိုဆက်လက်ရှာဖွေရာ ကျောက်စိမ်း အရိုင်းတုံးအရွယ်စုံ စုစုပေါင်းအလေးချိန်(၂၂၉) ကီလိုဂရမ်ခန့်အား ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိုးညှင်းမြို့မရဲစခန်းက(ပ)၆၈ /၂၀၂၀၊ ကျောက်မျက်ဥပဒေပုဒ်မ ၅၁(က)အရ အမှုဖွင့်အရေးယူထားသည်။

0 comments:

Post a Comment