Monday, May 18, 2020

မူဆယ်မြို့နယ်တွင်လာရောက်နေထိုင်နေသော တရုတ်နိုင်ငံသားများထံမှ ငွေကျပ် ၁၂၁၄၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်များ ဖမ်းဆီးရမိ

Image may contain: one or more people and outdoor, text that says 'ကျန်းအားစန်း၊ ရောက်ဟုံယုံ၊ ရန်ကျော်လင်း နှင့် သက်သေခံပစ္စည်းများ'

မေလ ၁၆ ရက်နေ့ ၀၁၀၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ မူဆယ်မြို့၊ စွမ်ဆောင်ရပ်ကွက်တွင် အိမ်ငှားနေထိုင်သူများဖြစ်သည့် ရောက်ဟုံယုံ ၃၄ နှစ်၏နေအိမ်ခန်းနှင့် လျှိုပိန်ချုံ (ခ)လောက်ချုံ တို့၏နေအိမ်ခန်းတို့အား ဝင်ရောက်ရှာဖွေရာ ရောက်ဟုံယုံ ၏အခန်းအတွင်း ရောက်ဟုံယုံနှင့်အတူ တစ်ရပ်ကွက်တည်းနေ ရန်ကျော်လင်း(ခ)ရန်ယုန့်စန် ၃၀ နှစ်နှင့် ကျန်းအားစန်း(ခ)အားစန်း ၁၈ နှစ်တို့အားတွေ့ရှိပြီး အခန်းအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၄၄၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၈၈ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး လျှိုပိန်ချုံ(ခ)လောက်ချံု အား နေအိမ်တွင်မတွေ့ရှိဘဲ ၎င်း၏နေအိမ်ခန်းအတွင်းမှ ဆာလာအိတ်များဖြင့် ထည့်ထား သည့် ဘိန်းဖြူအလေးချိန် ၃၈.၇၆ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၇၇၅၂ သိန်း)၊ ICE အလေးချိန် ၂၅ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၅၀၀ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၈၀၀ သိန်း)၊ M-22 အမျိုးအစား သေနတ် ၂ လက်၊ M-21 အမျိုးအစား သေနတ် ၁ လက်၊ M-16 အမျိုးအစားသေနတ် ၁ လက်နှင့် ပစ္စတိုသေနတ် ၁ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများအသီးသီးရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးနှင့် ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
No photo description available.
Crd : CCDAC Myanmar #Myanmar_Online_News

0 comments:

Post a Comment