Tuesday, May 19, 2020

စမ်းချောင်း မှ Case-77 နှင့် Case-92 တို့ ကျန်းမာ လာပြီး ရောဂါပိုးမတွေ့ သောကြောင့် ဖောင်ကြီးFacility Quarantine Centre ပို့ဆောင်



Image may contain: one or more people and outdoor
စမ်းချောင်းမြို့နယ်တွင်နေသူ COVID-19 ပိုးတွေ့ရှိသူနှစ်ဦးမှာ ယခုအခါ ကျန်းမာစွာ ရှိသောကြောင့် ဆေးရုံမှ ဆင်း၍ လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး Facility Quarantine Centre သို့ ပို့ဆောင်ထားပါသည်။
၎င်းတို့နှစ်ဦးမှာ စမ်းချောင်းတောင်ရပ်ကွက် ဦးဖီးလမ်း အိမ်အမှတ်(၃၉)(ပလွှာ/ယာ)နေ Case-77 (၃၃)နှစ်အရွယ်အမျိုးသမီးနှင့် လင်းလွန်းမြောက်ရပ်ကွက် သရက်တောလမ်း အိမ်အမှတ် (၁၇)(၅လွှာ/ဝဲ)နေ Case-92 (၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ကျန်းမာရေးကောင်းမွန်လာပြီး ပိုးရှိမရှိဓါတ်ခွဲစစ်ဆေးရာ ပိုးမတွေ့ရှိတော့ပါ။ ထို့ကြောင့် ၎င်းတို့နှစ်ဦးအား လှည်းကူးရှိ ဖေါင်ကြီး Facility Quarantine Centre ၌ နှစ်သတ္တ နှစ်ပါတ်နေထိုင်ရမည်ဖြစ်ပါသည်။

Source - U Bo Bo Oo

0 comments:

Post a Comment