Monday, May 18, 2020

ဆိုင်ကလုန်း " အမ်ပန် " အလွန်အင်အားပြင်းထန်သော မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွား

No photo description available.
ယနေ့နံနက် မြန်မာစံတော်ချိန် ၀၃-၃၀ နာရီတွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်လျှက်ရှိသော အပူပိုင်းဒေသဆိုက်ကလုန်း " အမ်ပန် " အင်အား အလွန်ပြင်းထန်သော မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ကြောင်း အိန္ဒိယအခြေစိုက် Time of India က ယနေ့ရေးသားသည်။

(( ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များနှင့် ရင်ဆိုင်ရသည့်အခါ အိန္ဒိယ-ဘင်္ဂလားဒက်ရ်ှနှင့် မြန်မာနိုင်ငံသက်ဆိုင် ရာ တရား၀င်အဖွဲ့အစည်းက ကြိုတင်ခန့်မှန်းချက်၊ သတင်းထုတ်ပြန်ချက်များကိုသာလျှင် အတည်ပြုလိုက်နာသင့်ပါသည်။
အလွန်ဝေးသော နိုင်ငံရပ်ခြားမိုးလေ၀သဋ္ဌာနနှင့် တရား၀င်မဟုတ်သော အဖွဲ့အစည်း-ပုဂ္ဂိုလ်တို့၏ ခန့်မှန်းချက်ဆိုသည်တို့မှာ လွဲချော်နိုင်ပြီး မလိုလားအပ်သည့် စိုးရိမ်ထိတ်လန့်မှုများဖြစ်စေနိုင်သည့်အတွက် ထပ်ဆင့် ရှယ်ခြင်းများ မပြုသင့်ပါကြောင်း တိုက်တွန်းပါသည်။
((ယနေ့ညနေ မိုးလေ၀သဋ္ဌာနက သတင်းကို အလေးအနက် သတိထားနားထောင်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ် အမျိုးတို့ရေ ၊ မြန်မာနိုင်ငံအပေါ် ချင်း-ကချင်အစပ်မှာ လေဖိအားနည်းရပ်၀န်းက ဒီဖက်ကို ခေါ်သလိုဖြစ်နေပြီး မုန်တိုင်းလမ်းကြောင်းက နည်းနည်း ပို ကွေးလာလို့ပါ)
No photo description available.
No photo description available.
Image may contain: text
အစဉ်လေးစားစွာဖြင့်
Crd : HtayOung / OungMarine

0 comments:

Post a Comment