Tuesday, May 19, 2020

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် COVID-19 ရောဂါကာကွယ်ရေးအတွက် CITIC Group မှ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ဒုတိယအကြိမ် လှူဒါန်း

Image may contain: one or more people and people standing

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ပြည်သူများ COVID-19 ရောဂါ ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ CITIC Group က ဒုတိယအကြိမ်အဖြစ် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများအား ယနေ့ မေ ၁၉ ရက်တွင် ရန်ကုန်မြို့၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး စီးပွားရေး သံမှူး ထန်ဆူးဖူ(Tan Shufu)က တရုတ်-မြန်မာ နှစ်နိုင်ငံ ပူး ပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကြိုးစားနေကြောင်း ၊ ယခုအခါ ဒုတိ ယ အကြိမ် အဖြစ် CITIC Group က နှာခေါင်းစည်းများ ၊ PPE များ နှင့် မျက်နှာအကာအကွယ် ပစ္စည်းများ ထပ်မံ လှူဒါန်းခြင်း ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများက လူမှုတာဝန် ထမ်းဆောင်ကြောင်း ဖော်ပြခဲ့ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးလည်း ဖော်ပြခဲ့ကြောင်း ၊ ယခု တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီး ကပ်ရောဂါ တိုက်ဖျက်နိုင်ရန် မျှော်လင့်ပါကြောင်း လှူဒါန်းပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၊ ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က CITIC Group က လှူဒါန်းသည်မှာ နှစ်ကြိမ် ရှိပြီ ဖြစ်ကြောင်း ၊ အဆိုပါ လှူဒါန်းမှုသည် ရခိုင်တိုင်းရင်းသားများ အဓိအားဖြင့် ကျောက်ဖြူမြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများ အတွက် ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့ အပြင် စိတ်ပိုင်းဆိုင်ရာတွင် ခွန်အား တစ်ခု ဖြစ်ပါကြောင်း ၊ ရခိုင်တိုင်းရင်းသားများ ကိုယ်စား ကျေးဇူးတင်ပါကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
ယခုအခါတွင် တရုတ် နိုင်ငံ CITIC Group က ဒုတိယ အကြိမ် အဖြစ် COVID-19 ရောဂါ ကာကွယ်ရေးအတွက် တစ်ခါသုံး ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း အခုရေ ၂၅,၆၀၀ ၊ PPE အစုံရေ ၃၅၀ နှင့် Medical Face Shields အခုရေ ၆၅၀ တို့အား ကျောက်ဖြူဒေသခံများ အတွက် လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲ အခမ်းအနားတွင် ကျောက်ဖြူ မြို့မိမြို့ဖ တစ်ဦး ဖြစ်သူ မြို့နယ် အလှူလက်ခံရေး ကော် မတီ ကိုယ်စားလှယ် ဦးအေးစံ က CITIC Group က ဒုတိယ အကြိမ်မြောက် COVID-19 ရောဂါ ကာကွယ် ရေးအတွက် လိုအပ်သည့် ပစ္စည်းများအား လှူဒါန်းသည့်အတွက် အထူးပင် ဝမ်းသာပါကြောင်း ၊ လှူဒါန်းသည့် ပစ္စည်းများသည်လည်း COVID-19 ရောဂါ Facility Quarantine ပြုလုပ်နေသော နေရာတွင် များစွာ အထောက်အကူပြုပါကြောင်း ၊ ယခုကဲ့သို့ ထပ်မံ လှူဒါန်းသည့် အတွက် အထူးကျေးဇူးတင်ရှိကြောင်း ၊ အဆိုပါ ပစ္စည်းများသည် ဒေသအတွက် အလွန် အသုံးဝင်သော ပစ္စည်းများ ဖြစ်ပြီး အမှန်တကယ် လိုအပ်နေသည်များ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရှိ ပြည်သူများ COVID-19 ရောဂါ ကာကွယ်ရေးအတွက် တရုတ် နိုင်ငံ CITIC Group က ပထမ အကြိမ် အဖြစ် မေ ၇ ရက်တွင် ဆန်တန်ချိန် ၃၀ နှင့် ပိုးသတ်ဆေးဖြန်းစက် ၁၀ လုံးအား ကျောက်ဖြူမြို့နယ် အလှူလက်ခံရေး ကော်မတီ ကိုယ်စားလှယ် ဦးအေးစံ ထံသို့ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Image may contain: 1 person, standing
Image may contain: 1 person, standing
Image may contain: one or more people and people standingImage may contain: one or more people
Ref ; Xinhua

0 comments:

Post a Comment