Tuesday, May 19, 2020

မုံရွာမြို့၊ ကန်သာယာဈေးအတွင်းမှာ သေမင်းဝတ်စုံများ ဝတ်ဆင်ပြီး နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးမှုပြုလုပ်

Image may contain: one or more people, people standing and outdoor
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းမှာ ဒီကနေ့မနက်ပိုင်းက ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတပ်ပြီးမှ အပြင်ထွက်ရန် အသိပညာပေးလှုပ်ရှားမှုအနေနဲ့ သေမင်းဝတ်စုံတွေ ဝတ်ဆင်ပြီးတော့ ဈေးအ တွင်းလှည့်လည် ခဲ့ကြတယ်လို့ Save Monywaအဖွဲ့မှ ဦးဆောင်ပြုလုပ်သူ ဦးအောင်နေမျိုး က ပြောပါတယ်။

"အစိုးရပိုင်းက ဖြေလျော့သင့်တဲ့အချိန်မို့လို့ တစ်ချို့ကို ဖြေလျော့ပေးလိုက်တဲ့အချိန်မှာ အကြောက်တရားတွေ က နည်းနည်း နည်းလာပြီ။ ပေါ့ပေါ့ဆဆ နေလာကြတယ်။ အဲ့တာကြောင့်မို့လို့ အကြောက်တရားလေးနဲ့ သတိလေးပြန်ဝင်လာအောင် ယှဉ်တွဲပြီးမှ လုပ်လိုက်တာ" လို့ ဦးအောင်နေမျိုးကပြောပါတယ်။
အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ရာမှာ သေမင်းဝတ်စုံ ဝတ်ဆင်ထားတဲ့လူလေးဦးက လက်တစ်ဖက်မှာ သေ မင်းတမန် ကိုင်ဆောင်တဲ့ လက်နက်ကိုင်ဆောင်ပြီး လက်တစ်ဖက်ကတော့ နှာခေါင်းစည်း စနစ်တကျတပ်ပါ ဆိုတဲ့စာသားပါ ဗီနိုင်းကို ကိုင်ဆောင်ကာ ဈေးအတွင်းလှည့်လည် ခဲ့ကြတာဖြစ်ပါတယ်။
Save Monywa အဖွဲ့က အသိပညာပေးလှုပ်ရှားမှု ပြုလုပ်နေချိန်မှာ နှာခေါင်းစည်းတွေကို လည်း အခမဲ့ဝေငှခဲ့ကြပါတယ်။ ဒီလို လှုပ်ရှားမှုတွေကို မကြာခဏ ပြုလုပ်မယ်လို့လည်း ဦးအောင်နေမျိုးကပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပိုး ကူးစက်ခံရမှု ကာကွယ်နိုင်ဖို့အတွက် အပြင်ထွက်တဲ့ လူအားလုံး နှာခေါင်းစည်းတပ်ဆင် ထွက်ခွါကြဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ညွန်ကြားထားပါတယ်။အဲ့ဒီ ညွှန်ကြားချက်ကို မလိုက်နာရင် တရားစွဲဆို ဒဏ်ရိုက်တာတွေ လုပ်မယ်လို့လည်း အသိပေးထားပါတယ်။
စစ်ကိုင်းတိုင်းမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရထားတဲ့ လူနာတစ်ဦးရှိပြီး သူကတော့ စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ကျန်းမာရေးစောက်ရှောက်မှု ခံယူနေတာဖြစ်ပါတယ်။
Image may contain: one or more people, people standing, sky and outdoor
Image may contain: one or more people and outdoor
Image may contain: one or more people, people standing, people walking and outdoor
Image may contain: one or more people, people standing, people walking, sky and outdoor
Ref ; Voice of Myanmar

0 comments:

Post a Comment