Sunday, May 3, 2020

COVID-19ကိုရိုနာဗိုင်းရပ် ကပ်ရောဂါဆိုးကြောင့် ပြည်ပနိုင်ငံများမှ ပြန်လာသူ နိုင်ငံ့သားသမီး ပြည်တော်ပြန်များအား Quarantine ဝင်ကြရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

Image may contain: 5 people, people standing, suit, crowd and outdoor
COVID-19 ၊ Quarantine နှင့် နိုင်ငံ့သားသမီး ပြည်တော်ပြန်များ ရပ်ဝေး နိုင်ငံခြားတိုင်းပြည်များနှင့် အိမ်နီးချင်းနိုင်ငံများတွင်၊ COVID-19 ကြောင့်ပြန်မလာနိုင်သူများ၊ အလုပ် လုပ်ကိုင်နေကြသူများထဲကပြန်လာလိုသူများ အားလုံးကိုပြန်လာနိုင်အောင်စီစဉ်ပေးခြင်း၊ စနစ်တကျလက်ခံရေးစီစဉ်ခြင်းများကိုအစိုးရကညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။
ကိုယ့်နိုင်ငံကိုယ်ပြန်လာကြသူများမို့ "ပြည်တော်ပြန်များ"လို့ ခေါ်ဆိုပြီးနွေးထွေးစွာကြိုဆိုနေကြပါတယ်။
ပြန်လည်ဆုံတွေ့ကြရတာဖြစ်လို့ မိသားစုတွေ၊ ရပ်ကွက် ရပ်ရွာထဲက မိတ်​ဆွေအပေါင်းအသင်းတွေကလည်းပျော်နေကြမှာပါ။
သူတို့တွေနဲ့ရှေ့ဆက်ပြီး စီးပွားရေး၊ ပညာရေး၊ လူမှုရေးကိစ္စတွေနဲ့ ဘဝ အတွက်မျှော်လင့်ချက်များစွာကိုလည်း စိတ်ကူးတိုင်ပင်ကြရဦးမှာပါ။
အဲဒီမျှော်လင့်ချက်တွေအောင်မြင်ဖို့ လက်ရှိ COVID -19 ကာလကို အတူတကွကျော်လွှားနိုင်ရပါမယ်၊ ရောဂါကူးစက်ပျံ့နှံ့မှုကိုအတူတကွထိန်းချုပ်ကြရပါမယ်။
လက်တွေ့နည်းလမ်းတွေထဲမှာ မလုပ်မဖြစ် အရေးပါတာက " Quarantine"လုပ်ငန်းစဉ်ဖြစ်ပါတယ်။
နိုင်ငံ့သားသမီး "ပြည်တော်ပြန် "များက "Quarantine”လုပ်ငန်းစဉ်များမှာ အသိတရားနှင့် ပါဝင်ပေးကြဖို့လိုပါတယ်။
အစိုးရ၊ ပရဟိတအဖွဲ့များ၊ ပရဟိတသမားများ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များနှင့် ပြည်သူတစ်ရပ်လုံးကညီညွတ်စွာကူညီဆောင်ရွက်ပေးနေကြပါတယ်။
ပိုမိုထိရောက်အောင်လည်း ပံ့ပိုးကူညီနိုင်မည့်နည်းလမ်းပေါင်းစုံဖြင့်ဆက်လက်ကြိုးစားပါမယ်လို့အသိပေးလိုပါတယ်။
Image may contain: text

Crd : Prof Win Myat Aye'Fb

0 comments:

Post a Comment