Sunday, May 3, 2020

ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိသော COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Image may contain: text

၁။ (၄-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (၃-၅-၂၀၂၀ ရက်နေ့အတွက် ဒုတိယအသုတ် အဖြစ်) ဓာတ်ခွဲနမူနာ (၁၂၉) ခုကို စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။
၂။ (၄-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၅) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။
၃။ (၃-၅-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများတွင် -
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က ဓာတ်ခွဲနမူနာ (၁၉၂) ခုအား (၂) သုတ်ခွဲ၍လည်းကောင်း၊
• ဆေးသုတေသနဦးစီးဌာန (DMR) က ဓာတ်ခွဲနမူနာ (၆၀) ခုအားလည်းကောင်း၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၂၅၂) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။
Image may contain: text
Source : Ministry of Health and Sports, Myanmar #Myanmar_Online_News

0 comments:

Post a Comment