
တရုတ်နိုင်ငံမှ hacker များသည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျ က်ရေးကာကွယ်ဆေးထုတ်လုပ်နေမှုနှင့်ပတ်သက်သည ့်သုတေ သနများကို ခိုးယူရန်ကြိုးစားနေကြကြောင ်း အမေရိကန်ပြည်ထောင်စု FBI နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာကျ ွမ်းကျင်ပညာရှင်များမှ အခိုင်အမာပြောကြားခဲ့သည်ဟု မေလ ၁၁ ရက်နေ့သတင်းစာနှစ်စောင်တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။
အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့ ် COVID -19 ရောဂါကာကွယ်ဆေး ထုတ်လုပ်ရန်ကြိုးစားနေချိန် တွင် တရုတ်နိုင်ငံမှ hacking လုပ်နေမှုများအပေါ် အမေရိကန် FBI နှင့် Homeland Security ဌာနတို့မှ သတိပေးချက်ထုတ်ပြန်ရန် စီစဉ်နေကြောင်း the Wall Street Journal နှင့် New York Times သတင်းစာတို့တွင် ဖော်ပြထားပါသည်။
COVID –19 ဆိုင်ရာစမ်းသပ်ချက်များ၊ ကုသမှုများနှင့်ပတ်သက်သော သတင်းအချက်အလက်နှင့် တီထွင်ဖန်တီးမှုဆိုင်ရာအချက ်အလက်များကို Hacker များမှ ပစ်မှတ်ထားတိုက်ခိုက်နေခြင် းဖြစ်ပါသည်။အမေရိကန်အာဏာပို င်များမှ hacker များသည် တရုတ်အစိုးရနှင့် ဆက်စပ်မှုရှိ နေကြောင်း စွပ်စွဲပြောဆိုခဲ့ပါသည်။
တရားဝင်သတိပေးချက်ကို လာမည်ရက်အနည်းငယ်အတွင်း ထုတ်ပြန်သွား မည်ဖြစ်ပါသည်။ တရုတ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာန၏ပြောရေးဆိုခွင့် ရှိသူ Zhao Lijian မှ အဆိုပါစွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပြီး တရုတ်နိုင်ငံသည်ဆိုက်ဘာတိုက ်ခိုက်မှုအားလုံး ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြ ောင်းကိုလည်း ပြောကြားခဲ့ပါသည်။
“မိမိတို့အနဖွေငျ့ ကမာ်ဘပေါျတှငျ COVID-19 ရောဂါကုသမှုနှငျ့ ကာကှယျဆေး သုတသေနမြားကိုထုတျ လုပျရနျဦးဆောငျဦးရှကျပွုနကေ ြောင်း” ပြောကြားခဲ့ပါသည်။ အဆိုပါစွပ်စွဲချက်သည် မည်သည့်သက်သေတစ်စုံတစ်ရာမရှ ိဘဲ ကောလာဟလများ၊ အသရေဖျက်မှုများနှင့်အတူ တရုတ်နိုင်ငံအပေါ်ပစ်မှတ်ထာ းနေခြင်းမှာ ကောင်းမွန်သော လုပ်ရပ်တစ်ခုမဟုတ်ကြောင်း Zhao မှပြောခဲ့ပါသည်။
ထုတ်ပြန်ချက်များနှင့်စပ်လျ ဉ်း၍ သမ္မတ Trump မှ အတည်ပြုခဲ့ခြင်းမရှိ သော်လည်း “တရုတ်နိုင်ငံတွင် နောက်ထပ်အသစ်အဆန်း တွေရှိသေးလား၊ နောက်ထပ် အသစ်တွေကဘာတွေလဲ” မိမိကိုပြောပါဟုပြောကြားခဲ့ ပါသည်။ မိမိအနေဖြင့် တရုတ် နိုင်ငံနှင့်ပတ်သက်၍ ပျော်ရွှင်မှုမရှိကြောင်းပြ ောကြားခဲ့ပါသည်။ မိမိတို့အနေဖြင့် ၎င်းနှင့်ပတ်သက်၍ အနီးကပ်စောင့်ကြည်နေကြောင်း ကိုလည်း ထပ်လောင်းပြောကြား ခဲ့ပါသည်။
အမေရိကန်၏သတိပေးချက်တစ်ခုတွ င် ကူးစက်ရောဂါနှင့်ဆက်စပ်သည့် မကောင်း သောလှုပ်ရှားမှုများ၊ သတင်းအမှားများမှတဆင့် အလုပ်သမားများနှင့် သိပ္ပံပညာရှင် များကို ပစ်မှတ်ထားခြင်းများကိုပြုလ ုပ်နေသည့် အီရန် ၊ မြောက်ကိုရီးယား၊ ရုရှားနှင့် တရုတ်နိုင်ငံတို့ရှိ အစိုးရမှကျောထောက်နောက်ခံပြ ုထားသော hacker များအား စွပ်စွဲချက်များနှင့် သတိပေးချက်များကို ထည့်သွင်းဖော်ပြသွားမည်ဖြစ် ပါသည်။
The New York Times ၏ဖောပြချက်များအရ ၎င်းမှာ ပင်တဂွန်ဆိုက်ဘာ စစ်ဌာနချုပ်နှင့် အမေရိကန်အမျိုးသားလုံခြုံရေ းအေဂျင်စီတို့အပါအဝင် ဆိုက်ဘာ စစ်ဆင်ရေးတွင်ပါဝင်ခဲ့သော အမေရိကန်အေဂျင်စီများအနေဖြင ့် တရားဝင်အရေးယူ ပိတ်ဆို့မှုများကိုအစပြုရန် ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
လွန်ခဲ့သောအပတ်တွင် ထုတ်ပြန်ခဲ့သော ပူးတွဲထုတ်ပြန်ချက်တစ်စောင် တွင် ဗြိတိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန ်မှုတို့တွင်ပါဝင်သည့် ကျန်းမာရေးဆိုင်ရာပညာရှင်မျ ားအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများမြ င့်တက်လာကြောင်း သတိပေးပြောကြားခဲ့ပါသည်။
ဗြိတိန်အမျိုးသားဆိုက်ဘာလုံ ခြုံရေးဆိုင်ရာဗဟိုဌာနနှင့် အမေရိကန်ဆိုက်ဘာ လုံခြုံရေးနှင့် အခြေခံအဆောက်အအုံလုံခြုံရေး အေဂျင်စီများမှ ၎င်းတို့၏ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့နှင့် ဆေးဘက်ဆိုင်ရာသုတေသနအဖွဲ့အစ ည်းများအတွက် ရည်ရွယ် ၍ပြုလုပ်ထားသောစကားဝှက်များ မှတဆင့် အကောင့်များအတွင်းဝင်ရောက်ရ န် ကြိုးစား နေသည့် ဟက်ကာများ၏ large-scale "password spraying" များကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
Source - CNA #Myanmar_Online_News






0 comments:
Post a Comment