
ကျည်ပွေ့ အတတ်ပေါက်တာ တကယ်ရှိရဲ့ လားလို့ သင်ထင်မိရင်တော့ အသက် ၈၁ နှစ်ရှိနေပြီ ဖြစ်တဲ့ ဂျပန်နိုင်ငံက အဖွားအိုက သက်သေပါပဲ။
မာဆာကို ဝါကာမိယာ ဆိုတဲ့အဖွားအိုဟာ မတ်လ ၃ ရက်နေ့ သောကြာနေ့က ဂျပန်နိုင်ငံရိုးရာ အရုပ်ပွဲတော် (သို့) မိန်းကလေ းများပွဲတော်နေ့ဖြစ်တဲ့ ဟီနာမတ်ဆူရီနေ့အတွက် အရုပ်တွေကို ရိုးရာအ၀တ်အစားတွေ ဘယ်လို မှန်မှန်ကန်ကန် ၀တ်စားရသလဲဆိုတာကို ဖော်ပြနိုင်တဲ့ App ကို ရေးသားခဲ့တာ ဖြစ်ပါတယ်။
အားမာန်အပြည့်နဲ့ တက်ကြွလှုပ်ရှားနေတဲ့ ဒီအဖွားအိုဟာ ရင့်ကျက်မှု ကလပ် (Mellow Club) ကိုလည်း တခြားသော ပင်စင်စား သက်ကြီးရွယ်အိုများအတွက် ရည်ရွယ်ပြီး ဖွင့်ထားပါသေးတယ်။ သူမရေးသားခဲ့တဲ့ App ရဲ့ နာမည်ဟာ Hinadan လို့ အမည်ရပြီး hina ဆိုတဲ့ အရုပ်တစ်မျိုးနဲ့ အလွှာဆိုတဲ့ စကားဖြစ်တဲ့ Dan ဆိုတဲ့အမည်ကို အစွဲပြုပြီး ပေးခဲ့တာ ဖြစ်တယ် လို့ဆိုပါတယ်။
ဒီ App မှာ ကစားသူဟာ အတန်း ၄ တန်းက အရုပ် ၁၂ မျိုးကို အနေအထားမှန်အောင် လုပ်ဆောင်ရမှာ ဖြစ်ပြီး အရုပ်များကို မှန်ကန်စွာ စီစဉ်ရမှာ ဖြစ်ပါတယ်။ သူမဟာ တိုကျိုမှာ ကျင်းပခဲ့တဲ့ TED(Technology, Entertainment, Design) ဟောပြောပွဲမှာလည်း နည်းပညာခေတ်ကြီးမှာ သက်ကြီးရွယ်အိုများ ပါ၀င်လာတဲ့ အကြောင်းကို ဟောပြောသွားခဲ့ပါတယ်။







Crd : Arkar Hein (Shwemom)
Ref : Mashable






0 comments:
Post a Comment