
တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင် (NHC) အရ တရုတ်နိုင်ငံပြည်မကြီးတွင် မေလ ၁၁ ရက်၌ ကိုရိုနာဗိုင်းစပ်ကူးစက်ခံရမှုအသစ်တစ်ခုရှိခဲ့ပြီး သေဆုံးမှု မရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
ရောဂါလက္ခဏာမပြဘဲပိုးတွေ့သူအသစ် ၁၅ ဦးရှိကြောင်းကိုလည်း ကော်မရှင်မှ ထုတ်ပြန်ခဲ့ပါသည်။
တရုတ်နိုင်ငံပြည်မကြီးတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုအတည်ပြုလူနာဦးရေပေါင်း ၈၂,၉၁၉ ရှိပြီး သေဆုံးမှုစုစုပေါင်း ၄,၆၃၃ ရှိပါသည်။ ရောဂါလက္ခဏာမပြဘဲပိုးတွေ့သူ ၇၆၀ ရှိပြီးဖြစ်ကြောင်း ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့၏ဖော်ပြချက်အရသိရှိရပါသည်။
တရုတ်နိုင်ငံကျန်းမာရေးအာဏာပိုင်များမှ လူနာ ၂၇ ဦးကို မေလ ၁၁ ရက်နေ့ တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ပြန်လည်ကျန်းမာလာသူ ၇၈,၁၇၁ ရှိကြောင်းကိုပြော ကြားခဲ့ပါသည်။
ဟောင်ကောင် နှင့် မကာအိုစသည့် အထူးအုပ်ချုပ်ခွင့်ရဒေသများနှင့် ထိုင်ဝမ်တို့ တွင်အတည်ပြုထားသောရောဂါဖြစ်ပွားမှုစုစုပေါင်းကို အောက်တွင်ဖော်ပြထားပါသည်။
ဟောင်ကောင် - ၁,၀၄၇ ဦး (ပြန်လည်ကျန်းမာလာသူ-၉၈၅ဦး၊ သေဆုံးသူ ၄ ဦး)။
မကာအို -၄၅ ဦး(ပြန်လည်ကျန်းမာလာသူ- ၄၂ဦး)။
ထိုင်ဝမ် -၄၄၀ ဦး(ပြန်လည်ကျန်းမာလာသူ ၃၆၈ ဦး၊ သေဆုံးသူ ၇ ဦး)။




Source : CGTN
Chinese mainland reports 1 new imported COVID-19 case, no new deaths






0 comments:
Post a Comment