Friday, May 22, 2020

တာချီလိတ်က Covid-19 ဒုတိယမြောက်လူနာ နှစ်ကြိမ်ဆက် ပိုးမတွေ့ အဖြေထွက်

တာချီလိတ်မြို့က ဒုတိယမြောက် ကိုဗစ်-၁၉ အတည်ပြုလူနာဖြစ်သည့် လူနာအမှတ် - ၁၁၂ မှာ နှစ်ကြိမ်ဆက်ပိုးမတွေ့ အဖြေထွက်ခဲ့သည့်အတွက် ဆေးရုံတွင် ၁၄ ရက် သီးခြားခွဲထား စောင့်ကြည့်သွားတော့မည် ဖြစ်ကြောင်း သိရသည်။
မေလ ၂၂ရက် နံနက်ပိုင်း ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ဆေးစစ်ရလဒ်တွင် ရှမ်းအရှေ့မှ လူနာ - ၁၁၂ ၏ (၆) ကြိမ်မြောက် ဆေးစစ်ရလဒ်၊ ကန့်သတ်စောင့်ကြည့် - Facility Quarantien ထားရှိသူ (၅)ဦးနှင့် စောင့်ကြည့်သံသယလူနာ (၂)ဦး ၏ ဆေးစစ်ရလဒ်များပါဝင်ပြီး အားလုံးတွင် ပိုးမတွေ့-Negative အဖြေထွက်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောသည်။
“လူနာ - ၁၁၂ က (၅)ကြိမ်မြောက်နဲ့ (၆)ကြိမ်မြောက် ဆေးစစ်ရလဒ်တွေမှာ ပိုးမတွေ့-Negative (၂)ကြိမ်ဆက် အဖြေထွက်တာကြောင့် ဆေးရုံမှာ ၁၄ရက် သီးခြားစောင့်ကြည့်ပြီးရင် ဆေးရုံဆင်းခွင့် ရတော့မှာပါ” ဟု ဒေါက်တာ ဘစိုးသက်က ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပိုးတွေ့အတည်ပြုလူနာ ၃ ဦးရှိခဲ့ပြီး လူနာ-၉၆မှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်သလို လူနာ - ၁၁၂ မှာလည်း ၂ကြိမ်ဆက် ပိုးမတွေ့ အဖြေထွက်ထားပြီ ဖြစ်သည်။ လူနာ - ၆၄မှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။
Ref ; MeKong News

0 comments:

Post a Comment