Friday, May 22, 2020

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုမှ Covid-19 ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးနှင့်အထောက်အကူပြုဆေးဝါးများလှူဒါန်း

တပ်မတော်(ကြည်း၊ရေ၊လေ)မှ တိုင်းရင်းသား လက်နက်ကိုင်‌ တော်လှန်‌ရေးအဖွဲ့အစည်းများသို့ ထောက်ပံ့ပေးပို့သော Covid- 19 ရောဂါကာကွယ်ထိန်းချုပ်၊ကုသရေးဆိုင်ရာ အထောက်အကူပြု ဆေးဝါးနှင့်ပစ္စည်းများအား ယနေ့ မွန်းလွဲ ပိုင်းအချိန်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့်တပ်မတော်တာဝန်ရှိသူများမှ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုဌာနချုပ်တည်ရှိရာ ကော့ကရိတ်မြို့နယ် ထို့‌ကော်ကိုးဒေသသို့လာ ရောက်ပေးအပ်ရာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး စောထော့လေး၊ အထွေထွေ အတွင်းရေးမှူး ဆရာမနော်ကပေါ်ထူး နှင့် တာဝန်ရှိသူများက ကြိုဆိုကာ ဗဟိုဌာနချုပ်ရုံး ခန်းမဆောင်တွင် ထောက်ပံရေးပစ္စည်းများအားလက်ခံခဲ့ကြပြီး အပြန်အလှန် ကျေးဇူးတင်စကား ပြောကြားခဲ့ကြပါသည်။
Ref ; Nawtaya Information team (NIT)

0 comments:

Post a Comment