Friday, May 22, 2020

လမ်းမတော်က သူနာပြုစာသင်ဆောင်ပြိုကျမှု စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ ဒီညနေထွက်မည်

ရန်ကုန်၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းက သူနာပြုတက္ကသိုလ်တိုးချဲ့လေးထပ်ဆောင် ပြိုကျခဲ့တာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို ဒီနေ့မေလ (၂၂)ရက်နေ့မှာ တာဝန်ရှိသူတွေဆီ ပေးပို့တော့မှာ ဖြစ်ပါတယ်။
အဲဒီအစီရင်ခံစာကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက စုံစမ်းစစ်ဆေးရေအဖွဲ့ဖွဲ့ပြီးတော့ စစ်ဆေးနေတာပါ။
အစီရင်ခံစာကိုတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဆီ ပေးပို့သွားမှာဖြစ်ပါတယ်။
“အစီရင်ခံစာလုပ်နေတုန်းပဲ။ ဒီနေ့ကတော့ ညနေပိုင်းလောက်တင်ဖြစ်မယ်။ ဘယ်လိုအကြောင်းကြောင့် ပြိုကျ တယ်ဆိုတာကိုတော့ အစီရင်ခံစာထွက်မှပြောလို့ရမယ်။ ဒီဇိုင်းမှားတာလဲရှိတယ်ပေါ့။ လုပ်ငန်းလုပ်တာမှား တာလဲရှိတာပေါ့။”လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က O Media ကို ပြောပါတယ်။
သူနာပြုတက္ကသိုလ် လေးထပ်ဆောင်စာသင်ဆောင်ကို ၂၀၁၁ ခုနှစ်မှာ ပြည်မဟာကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။အဲဒီအဆောက်အဦးဟာ သက်တမ်း(၇)နှစ်ပဲရှိသေးပြီး မေလ(၁၇)ရက်နေ့မှာ ပြိုကျခဲ့တာပါ။
အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဥက္ကဌအဖြစ်တာဝန်ယူတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း မေလ(၂၁)ရက်မှာ ဖွဲ့စည်းခဲ့ပါသေးတယ်။
Ref ; OMedia

0 comments:

Post a Comment