
အာရှတိုက်တွင် COVID-19 ရောဂါကူးစက်ခံရမှုပေါင်း တစ်သန်း၏လေးပုံတစ်ပုံ သို့ရောက်ရှိနေပြီဖြစ်ကြောင်း မေလ ၅ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ Reuters သတင်းဌာန၏ အချက်အလက်များအရ တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန် နိုင်ငံတို့တွင် ရောဂါကူးစက်ပျံ့နှံ့မှုမှာ သိသာစွာလျော့နည်းသွားသော်လည်း စင်္ကာပူ၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ပျံ့နှံ့မှုမှာ မြှင့်တက်နေကြောင်းသိရှိရပါသည်။
အာရှတွင် ဖြစ်ပွားမှုပေါင်း ၂၅၀,၃၇၂ ရှိနေပြီး တစ်ကမ္ဘာလုံးအတိုင်းအတာတွင် ၇ ရာခိုင်နှုန်းရှိနေပါသည်။ ဉရောပတိုက်တွင် ၄၀ ရာခိုင်နှုန်း၊ မြောက်အမေရိကတိုက် တွင် ၃၄ ရာခိုင်နှုန်းရှိနေပြီး ထုတ်ပြန်ကြေညာခြင်းမရှိသည့် ရောဂါအမှန်တကယ် ကူးစက်ပျံ့နှံ့နေမှုများရှိနေသည့်အတွက် ပညာရှင်များအနေဖြင့် စိုးရိမ်မှုများရှိနေပါသည်။

Source : channelnewsasia "COVID-19 cases in Asia hit 250,000"






0 comments:
Post a Comment