Monday, May 18, 2020

တရုတ်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရမှုအသစ် ၇ ခုရှိကြောင်းထုတ်ပြန်ကြေညာ

Image may contain: one or more people and text

တရုတ်နိုင်ငံတွင် မေလ ၁၇ ရက်နေ့၌ COVID-19 ရောဂါကူးစက်ခံရမှုအသစ် ၇ ခု ရှိကြောင်းနှင့် ယခင်နေ့ကထက်တိုးလာကြောင်း တရုတ်နိုင်ငံ၏ကျန်းမာရေးအာဏာပိုင်များမှ မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ကူးစက်ခံရမှုအသစ်များမှာ Jilin ပြည်နယ် အရှေ့မြောက်ဘက်မှဖြစ်ပြီး လက်ရှိတွင် ကူးစက်မှုမြှင့်တက်နေခြင်းကြောင့် lockdown ချထားရခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါသည်။
Jilin ပြည်နယ်တွင် ကူးစက်ခံရမှုမှာ ၃၃ ခုထိရှိခဲ့ပြီး ပထမဆုံးဖြစ်ပွားမှုမှာ မေလ ၇ ရက်နေ့မှဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
မေလ ၁၇ရက်နေ့တွင် ပြည်တွင်းမှ ကူးစက်ခံရမှုအသစ်တစ်ခုရှိပြီး ၎င်းမှာမတ် လနှောင်းပိုင်းမှစတင်၍ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
နောက်ထပ်ကူးစက်ခံရမှုအသစ် ၄ ခုမှာ ပြည်ပမှ မွန်ဂိုလီးယားနိုင်ငံအတွင်းပိုင်း တောင်ပိုင်းတရုတ်ဒေသများသို့ ရောက်ရှိလာသော ခရီးသွားများပါဝင်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။
တရုတ်နိုင်ငံတွင် မေလ ၁၇ ရက်နေ့အထိ ကူးစက်ခံရသူစုစုပေါင်းမှာ ၈၂,၉၅၄ ရှိပြီး သေဆုံသူမှာ တိုးလာခြင်းမရှိဘဲ ၄,၆၃၃ ပင်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါ သည်။
မေလ ၁၇ ရက်နေ့တွင် ရောဂါလက္ခဏာမပြဘဲ ပိုတွေ့လူနာ ၁၈ ဦးရှိပါသည်။
Source : Channel NewsAsia ""China reports 7 new COVID-19 cases""

0 comments:

Post a Comment