
၁။ (၁၄-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယနှင့် တတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၂၈၆) အား စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။
၂။ (၁၄-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၁) ဦးရှိပြီဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၇၉)ဦးရှိပါသည်။ ၎င်းတို့အနက် (၆၆)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ် ၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါ သည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၁၃-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၃၅၃) ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၈၇) ခု တို့အား စစ်ဆေးခဲ့ပါသည်။

Ref; Ministry of Health and Sports, Myanmar






0 comments:
Post a Comment