Tuesday, May 19, 2020

သံဃာတော်များကို Facebook ပေါ်တွင် ဝေဖန်သူကို ပုဒ်မ ၂၉၅-က ဖြင့် တရားရုံးဦးတိုက်လျှောက်မည်

Image may contain: 1 person, sitting and eating

သံဃာတော်များကို လူမှုကွန်ယက်ပေါ်၌ ဝေဖန်ခဲ့သူကို ပုဒ်မ ၂၉၅-က ဖြင့် ယ‌နေ့ တရားရုံးဦးတိုက်လျှောက် ရန်ပြင်ဆင်နေကြောင်း ဒေသခံများထံမှသိရသည်။

သံဃာတော်များကို လူမှုကွန်ယက်ပေါ်၌ ဝေဖန်ဆဲဆိုခဲ့သူ Kyaw Win Thant အကောင့်ပိုင်ရှင်အား ဘာသာ ရေးစိတ်ကို နာကျည်းစေရန် တမင်မသမာသောအကြံဖြင့်ပြုခြင်း၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် မိတ္ထီလာ တရားရုံးသို့ ဦးတိုက်လျောက်ထားမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နေ ကိုလတ်ကပြောသည်။
“ခရိုင်သာသနာရေးကနေ မိတ္ထီလာတရားရုံးကို ဦးတိုက်လျောက်ဖို့ ပြင်ဆင်နေတယ်ဗျ၊ သက်သေလေးယောက် ထည့်ထားတယ်လို့သိရတယ်” ဟု ၎င်းကပြောသည်။ သံဃာတော်များကို လူမှုကွန်ယက်၌ ဝေဖန်ဆဲဆိုခဲ့သူ Kyaw Win Thant အမည်အကောင့်ပိုင်ရှင်မှာ အသက် ၃၁ နှစ်အရွယ်ဆရာဝန်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကြောင်း ကနဦးသိရသည်။
Kyaw Win Thant အကောင့်ပိုင်ရှင်သည် ၎င်း၏ Facebook စာမျက်နှာမှ မိတ္ထီလာမြို့မိမြို့ဖများနှင့်သံဃာတော်များအား ပြန်လည်တောင်းပန်စာရေးသားခဲ့ပြီး ယနေ့၊ နံနက် မိတ္ထီလာမြို့၊ အောင်ဇေယျာရပ် ကွက်၊ ကိုး နဝင်းကျောင်းတိုက်၌ တောင်းပန်ပွဲပြုလုပ်ရန်ရောက်ရှိလာစဉ် ကျောင်းတိုက်ဝန်းကျင်တွင် လူရှစ်ရာခန့်လူစုလူ ဝေးဖြစ်ပွားခဲ့ကြောင်း ကိုလတ်က ဆက်ပြောသည်။
Kyaw Win Thant အကောင့်ပိုင်ရှင်သည် အခြေခံဒသမတန်းသင်ရိုးညွှန်းတန်းကျောင်းစာအုပ်၌ မျိုးဆက်ပွား သင်ခန်းစာထည့်သွင်းမည့်ကိစ္စရပ်နှင့်ပတ်သတ်ပြီး ဝေဖန်ရေးသားရာမှ ပါချုပ်ဆရာတော်ဘုရားကြီးအပါအဝင် သံဃာ့အဖွဲ့အစည်းတရပ်လုံးထိခိုက်စေသည့်ညစ်ညမ်းသောအသုံးအနှုန်းများဖြင့် ရေးသားခဲ့ ခြင်းဖြစ် ကြောင်း ၎င်း၏ facebook စာမျက်နှာမှတ်တမ်းများမှသိရသည်။
လက်ရှိတွင် ၎င်းအား မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး ဦးသန်းဌေးဦးနှင့် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီး ထိန်းသိမ်းထားပြီး ပုဒ်မ ၂၉၅-က ဖြင့် တရားစွဲဆိုပါက အာမခံမရဘဲ ထောင်ဒဏ်နှစ်နှစ်အထိဖြစ်စေ ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ကြောင်းသိရသည်။
Ref ; People Media

0 comments:

Post a Comment