Tuesday, May 19, 2020

(YMBA) အသင်းကြီးနှင့် (NDP) ပါတီတို့က ဒသမတန်းသင်ရိုးညွှန်းတမ်းပါ ပြဌာန်းချက်အချိူ့အား ပြင်းထန်စွာ ကန့်ကွက်

Image may contain: text

မြန်မာနိုင်ငံ ဗုဒ္ဓကလျာနယုဝအသင်းကြီး(YMBA)နှင့် အမျိူးသားတိုးတက်ရေးပါတီ( NDP)တို့က ဒသမတန်း သင်ရို းညွှန်းတမ်းပါ ပြဌာန်းချက်အချိူ့အား ပြင်းထန်စွာကန့်ကွက်သည့် သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။

ပညာရေးဝန်ကြီးဌာနမှ ဒသမတန်းဘဝတွက်တာ ကျွမ်းကျင်စရာ ပြဌာန်းစာအုပ်တွင် အခန်း(၄) ရောဂါကင်းဝေးနေထိုင်ရေး ၊ အခန်း (၅) မျိူးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်အရွယ်များအ ပေါင်းသင်းဆက် ဆံရေးတို့ ထည့်သွင်းဖော်ပြထားခြင်းအပေါ် ထုတ်ပြန်ကြခြင်းဖြစ်ကြောင်းသိရသည် ။
မေ ၁၇ ရက်ကထုတ်ပြန်သည့် (YMBA) အသင်းကြီး၏သဘောထားကြေညာချက်တွင် မျိူးဆက်ပွားသင် ခန်းစာမှာ အရွယ်မရောက်သေးသောကလေးသူငယ်များအတွက် နည်းပေးလမ်းပြဖြစ်နိုင်သည့်( sex education)ဖြစ်နိုင်သည်ကို စိုးရိမ်ရကြောင်း ထိုသင်ခန်းစာသည် မြန်မာယဉ်ကျေးမှုနှင့် ဆန့်ကျင်နေသည့် အတွက် အရွယ်မရောက်သေးသောကလေးငယ်များအား သင်ကြားမှု မပြုသင့်ကြောင်းနှင့် အဆိုပါပြဌာန်း ချက်ကြီးအား ပြင်ထန်စွာကန့်ကွက်ကြောင်း ဖော်ပြထားသည် ။
အလားတူပင် မေ ၁၈ ရက်က ထုတ်ပြန်သည့် (NDP) ပါတီသဘောထားကြေညာချက်တွင်လည်း ထိုပြဌာန်း ချက်များသည် လိင်ဆက်ဆံမှုကို အသားပေးဖော်ပြထားသည့်အပြင် ကြောက်စရာမလို ဖြေဆေးရှိကြောင်းကို ၁၀ တန်းအရွယ် ကလေးငယ်များသိသင့်သည်ထက် ပိုမိုသော ရေးသားချက်များကိုတွေ့ရှိရပြီး အဆိုပါပါ ဘာသာရပ်အား သင်ကြား သင်ယူမည့် ဆရာဆရာမများနှင့် တပည့်များပါ ကြုံတွေ့လာမည့် သင်ကြားမှုဆိုင်ရာ အခက်အခဲပြသနာကြောင့် မြန်မာ့လူမှုပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဘောင်အပြင်သို့ ရောက်ရှိသွားနိုင်သည့်ဟုယူဆကြောင်း ၊ ထို့ုပြင် အဆိုပါပြဌာန်းချက်များသည် ဥပဒေနှင့်မညီညွတ်သည့်အပြင် မြန်မာတို့ ၏ယဉ်ကျေးမှု အစဉ်အလာ လောကပါလတရားများနှင့်လည်း ဆန့်ကျင်နေပါသောကြောင့် အမျိူးသားတိုးတက်ရေးပါတီမှ ပြင်းထန်စွာ ကန့်ကွက်ရှုံံ့ချသည်ဟု ကြေညာချက်တွင်ဖော်ပြထားသည် ။
ပြဌာန်းချက်များကြောင့် အများပြည်သူသုံးလူမှုကွန်ရက် fb ပေါ်တွင်လည်း ဝေဖန်မှုများမြင့်တက်နေပြီး ၊ ထိုဝေဖန်မှုများအပေါ် အခြခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်က ဒသမတန်းကျောင်းသုံးစာအုပ်ပါ သင်ခန်း စာများမှာ မျိူးဆက်ပွားကျန်းမာရေး အသိပညာပေးခြင်းသာဖြစ်ပြီး ဝေဖန်သည့်သူများမှာ ရှေးရိုးစွဲများနှင့် လိင်ကိစ္စအား focus လုပ်နေသူများသာဖြစ်ကြောင်း တုံ့ပြန် ပြောဆိုခဲ့သည်။
No photo description available.
Ref ; The Fifth Wave News

0 comments:

Post a Comment