Tuesday, May 19, 2020

သံဃာတော်များအား လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ဆဲဆိုခဲ့သည့် Kyaw Win Thant အကောင့်ပိုင်ရှင်အား သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲဆို

Image may contain: one or more people

သံဃာတော်များအား လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ဆဲဆိုခဲ့သည့် Kyaw Win Thant အကောင့်ပိုင်ရှင်အား သာသနာ ညှိုးနွမ်းစေမှုဖြင့် မိတ္ထီလာခရိုင် သာသာနာရေးဦးစီးမှူး ဦးကိုကိုအောင်က မိတ္ထီလာမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ အကောင့်ပိုင်ရှင် ဒေါက်တာကျော်ဝင်းသန့်အား မန္တလေးမြို့တွင် ထိန်းသိမ်းထားကာ ချမ်းအေးသာဇံမြို့နယ် တရားရုံးတွင် ရမာန်ရယူခဲ့ကြောင််း သိရသည်။
Kyaw Win Thtant အကောင့်ပိုင်ရှင် ဒေါက်တာကျော်ဝင်းသန့်သည် မေလ ၁၀ ရက်နေ့တွင် ကတုံးတွေက SexEducation ဘယ်သိမလဲဟု အစချီကာ သံဃာတော်များအား ဆဲဆိုဝေဖန်ပြောဆိုသည့် ရေးသားချက််များ ရေးသားခဲ့သဖြင့် မိတ္ထီလာမြို့ပေါ် လူထုနှင့်် သံဃာတော်များအား မေလ ၁၈ ရက်နေ့က ၄င်း၏ဇာတိဖြစ်သည့် မိတ္ထီလာမြို့တွင် မိဘများမှ လိုက်လံလျှောက်ထား တောင််းပန်ခဲ့ကြောင်း သိရသည်။
ထို့နောက် မေလ ၁၉ ရက်နေ့တွင် ဒေါက်တာကျော်ဝင်းသန့် ကိုယ်တိုင်တောင်းပန်ရန် မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်၊ ကိုးနဝင်းကျောင်းတိုက်သို့ ရောက်ရှိလာစဉ် လူစုလူဝေး ဖြစ်ပွားခဲ့သဖြင့် အဆိုပါ အကောင့်ပိုင်ရှင် ဒေါက်တာကျော်ဝင်းသန့်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ မန္တလေးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“အဓိကကတော့ အရင်ရက်ထဲက သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက အမှုဖွင့်ရမှာကို မဖွင့်မိတော့ အခုလို အခြေအနေအထိရောက်လာတယ်၊ သာသနာညှိုးနွမ်းစေမှုနဲ့ မိတ္ထိလာတရားရုံးမှာ ဦးတိုက်လျှောက်ထားပေမယ့် မန္တလေးမှာပဲ ထိန်းသိမ်းထားတယ်။ မန္တလေး ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာပဲ ရမာန်ယူပြီး မန္တလေးမှာပဲ အမှုစစ်ဖို့ ပြောင်းလျှောက်ကြမယ်လို့ ကျွန်တော်တို့ကြားတယ်” ဟု မိတ္ထိလာမြို့၊ ရတနာမရ်အောင်ရပ်ကွက်နေသူ ကိုစိုးက ပြောသည်။
အဆိုပါ Kyaw Win Thant အကောင့်ပိုင်ရှင် ဒေါက်တာကျော်ဝင်းသန့် အသက် (၃၁) နှစ်အား မိတ္ထီလာခရိုင် သာသနာရေးမှူး ဦးကိုကိုအောင်မှ တရားလိုပြုလုပ်ကာ မိတ္ထီလာမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ မြို့မရဲစခန်း ရဲအရေးမပိုင် နောက်ဆက်တွဲ (က) (ခ) နှစ်စဉ်အမှတ် (၂၅/၂၀၂၀) ရာဇသတ်ကြီးပုဒ်မ (၂၉၅) က၊ ရာကြီးမှုအမှတ် (၇၉၈/၂၀၂၀) ဖြင့်မိတ္ထီလာမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ကြာင်း သိရသည်။
Ref ; Eleven

0 comments:

Post a Comment