Tuesday, May 19, 2020

စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနမှ စက်ချို့ယွင်းမှုကြောင့် ကိုရိုနာဗိုင်းရပ် positve စစ်ဆေးချက်ရလဒ်များပေးပို့ခဲ့ခြင်းအပေါ် တောင်းပန်

Image may contain: one or more people and people standing

စင်္ကာပူနိုင်ငံသည် COVID-19 လူနာ ၃၅၇ ဦးအား ထပ်မံစမ်းသပ်စစ်ဆေးရာတွင် ကိုရိုနာဗိုင်းရပ် positive ဖြစ်နေကြောင်း စာသားမက်ဆေ့အမှားများပေးပို့ခဲ့သောကြောင့် တောင်းပန်ခဲ့ပါသည်။ စင်္ကာပူနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံငယ်ဖြစ်ပြီး COVID-19 ရောဂါ ကူစက်ခံထားရသူ ၂၈၀၀၀ ကျော် ရှိနေသောကြောင့် အာရှနိုင်ငံများတွင် ကူစက်မှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံပါဝင်နေပါသည်။ lockdown ကာလအား ဇွန်လ ၁ရက်နေ့အထိသတ်မှတ်ထားပြီး COVID-19 ရောဂါဖြင့် သေဆုံးသူ ၂၂ ဦးရှိပြီဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ၎င်းတို့၏ စနစ်စွမ်းဆောင်ရည်အား တိုးမြှင့်ရန်အတွက် လုပ်ဆောင်နေချိန်တွင် IT စနစ်စမ်းသပ်မှုချို့ယွင်းခဲ့သောကြောင့် အဆိုပါဆက်ဆေ့အမှားများကိုပေးပို့ခဲ့ခြင်းဖြစ်ကြောင်းမေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပါရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ မက်ဆေ့အမှားလက်ခံရရှိသောလူနာများအား အဆင်မပြေမှုများနှင့် စိုးရိမ်ပူပန်မှုများအတွက် တောင်းပန်ကြောင်းကို နာရီးပိုင်း အတွင်း ပေးပို့ခဲ့ပါသည်။ အဆိုပါ မက်ဆေ့လက်ခံရှိသော COVID-19 လူနာဟောင်းနှစ်ဦးမှ ၎င်းတို့၏ယခင်စစ်ဆေးချက်သည် negative အတည်ပြုခဲ့သောကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူများဖြစ်ကြောင်း စင်္ကာပူ ရုပ်သံလွှင့်သတင်းဌာန ChannelNewsAsai သို့ပြောကြားခဲ့ပါသည်။
ပြန်လည်ကောင်းမွန်လာသောလူနာများမှ မက်ဆေ့လက်ခံရရှိခြင်း ရှိ/မရှိကို စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနမှ အတည်ပြုဖော်ပြခဲ့ခြင်းမရှိပါ။
Source - Reuters #Myanmar_Online_News

0 comments:

Post a Comment