Tuesday, May 19, 2020

ကျောက်တံတားမြို့နယ်အတွင်း နှာခေါင်းစည်းမတပ်ဘဲသွားလာနေသူများအား ဖမ်းဆီးအရေးယူလျက်ရှိ

Image may contain: one or more people, people sitting and outdoor
ကျောက်တံတားမြို့နယ်တွင် ပါးစပ်၊နှာခေါင်းစည်း (Mask) မတပ်ဘဲ အပြင်ထွက်သွားလာသူများအား ယနေ့နေ့လည်ပိုင်းက ဖမ်းဆီးအရေးယူလျက်ရှိပြီး တရားရုံး၌တရားစွဲဆိုမှုများပြုလုပ်ခဲ့သည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ပါးစပ်၊နှာခေါင်းစည်း(Mask)မတပ်ဘဲ အပြင်ထွက်သွားလာသူ ကိုးဦး ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၅အရ တစ်ဦးလျှင် ဒဏ်ငွေငါးထောင် အသီးသီးချမှတ် အရေးယူလိုက်ကြောင်း ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်ထံမှ သိရသည်။
၎င်းတို့ကို ပြီးခဲ့သည့် မေလ ၁၇ ရက်က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ ကျောက်တံတားမြို့နယ် တရားရုံးသို့လျှောက်ထားခဲ့ခြင်းဖြစ်သည်။
Image may contain: one or more people and people standing
Image may contain: one or more people and outdoor
Image may contain: 1 person, standing and outdoor
Image may contain: 1 person, standing and outdoor
Ref ; The Standard Time Daily

0 comments:

Post a Comment