ရခိုင်ပြည်နယ်၊ မောင်တောတောင်ဘက်ခြမ်းဒေသတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယမန်နေ့မွန်းလွဲပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၃ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့် တရားမဝင် ဝင်ရောက်မှုများ မရှိစေရေးအတွက် အင်းဒင်နှင့် စေတီပြင်ကျေးရွာတစ်ဝိုက်၌ လုံခြုံရေးတာဝန်များ ဆောင်ရွက်နေစဉ် မေယုတောင်ကြောပေါ်ရှိ အင်းဒင်တောင်ကျော်လမ်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၂ ကြိမ် ချောင်းမြောင်းတိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးဒဏ်ရာရရှိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဦးစီးမှူးတစ်ဦး သေဆုံးခဲ့သည်။
ဩဂုတ်လ ၂ ရက်တွင်လည်း မေယုတောင်တန်းပေါ်၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူများက ချောင်းမြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်လျက်ရှိသောကြောင့် AA အကြမ်းဖက်သောင်းကျန်းသူများကို အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး Counter-Terrorism Operation ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News
0 comments:
Post a Comment