ယနေ့နံနက်ပိုင်းမှာ လူမှုကွန်ရက်ပေါ်တွင် လက်တလော ဝေဖန်မှုမြင့်တက်နေသော Original Gangster Page ကနေ တင်ခဲ့တဲ့ ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီမြန်မာပြည်)သီချင်း က စည်းလုံးစေချင်တဲ့ စိတ်တစ်ခုနဲ့သာ ပုံဖော်ခဲ့တာပါလို့ တေးသံရှင် ယုန်လေး က သူကိုယ်တိုင် အသုံးပြုတဲ့ဖေ့ဘုတ်စာမျက်နှာကနေ ပြန်လည်ရှင်းလင်းရေးသားခဲ့ပါတယ်။
ငါတို့ အားလုံးရဲ့မြေ သီချင်းတင်ပြီး နာရီပိုင်းအနည်းငယ်မှာ တင်ကြည့်ရှုသူ ၁ သန်း ကျော်ရှိခဲ့ပြီး ဝေဖန်ပြောဆိုသူများတဲ့အတွက် သီချင်းဖန်တီးသူ ယုန်လေး က အခုလို ပြန်လည်ရှင်းပြခဲ့တာဖြစ်ပါတယ်။
“လူနာမည် မထည့်တာ သူ့ကိုလည်း မမုန်းစေချင်လို့ပါ။ကျွန်တော့်မှာ စည်းလုံးစေချင်တဲ့ စိတ် ပဲ ရှိပါတယ်။
သူ့လို အတွေးမျိူး အတွေးထဲကတောင် မတွေးရက်သလိုအဲ့လို အတွေးလည်း မရှိခဲ့ပါဘူး။
ကျွန်တော့်လည်း အမေစုကို ချစ်တဲ့လူပါ ။အမြဲတန်း မျှတအောင်တွေးပါတယ် ။ဘာသာရေး ဆိုလည်း ဒီတိုင်းပါပဲ ။
ဘာသာတိုင်းကို Respect ရှိပါတယ် ။ကျွန်တော်တင်တဲ့ Post တွေ ကြည့်ရင်ကျွန်တော် စိတ်ဓာတ်ကို သိနိုင်ပါတယ်။”လို့ တေးသံရှင် ယုန်လင်း က ရေးသားထားပါတယ်။
တေးသံရှင် များစွာပါဝင်သီဆိုထားသလို MTVမှာလည်း အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ငါတို့မြေသီချင်းကို ယနေ့ လူမှုကွန်ယက်စာမျက်နှာမှာဝေဖန်ပြောဆိုသူတွေ များသလို အနုပညာရှင် တချို့ ကလည်း ပြန်လည်ရှင်းပြဝေဖန် ထားတာကိုလည်းတွေ့ရပါတယ်။
တေးသံရှင် ယုန်လေး က ယခုနောက်ပိုင်းလှူဒါန်းမှု များစွာကိုဦးစီးလုပ်ဆောင်ဖြစ်နေသလို ဂီတဝါသနာပါတဲ့ လူငယ်များကိုလည်း မြေတောင်မြှောက်ကူညီပေးဖြစ်နေတာကိုလည်းတွေ့ရပါတယ်။
Crd : YoneLay #Myanmar_Online_News
0 comments:
Post a Comment