လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက်တွင် သံလျင်မြို့ရှိ ရန်ကုန် တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ လူကိုယ်တိုင်လာရောက်ကာ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ မှ ဦးဒေးဗစ်လှမြင့် ၊ တစ်သီးပုဂ္ဂလ ဦးဌေးအောင် တို့မှလည်း ပါဝင်ကာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment