လက်ရှိကာလ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အနုပညာရှင်တွေကို ပါတီတချို့က ဝယ်ယူအသုံးချမှုတွေခံရတယ်ဆိုတာ ကိုယ့်ရဲ့လုပ်ရပ်ပေါ်မှာပဲ မူတည်တာပါလို့ နာရေးကူညီမှု အသင်း ဥက္ကဌ ဦးကျော်သူ က ပြောပြလာပါတယ်။
ယခင်နှစ်ရွေးကောက်ပွဲတွေမှာ အနုပညာရှင်များ ပါတီတချို့ ရဲ့ဝယ်ယူခြင်းခံရပြီး ဒီလို ဝယ်ယူအသုံးချခြင်းခံရတယ်ဆိုတာ မိမိခံယူချက်နဲ့သာသက်ဆိုင်ကြောင်းပြောပြလာပါတယ်။
“အနုပညာရှင်တွေ အသုံးချခံရတယ်ဆိုတာ ကိုယ့်ပေါ်ပဲမူတည်ပါတယ်။ကိုယ့်ခံယူချက်က ခိုင်ခိုင်မာမာ ရှိဖို့ပဲလိုတာပါ။ကျွန်တော်တို့ ဆို အရင်အစိုးရလက်ထက်တွေ တည်း က ဘယ်သူမှမပြောဆိုရဲတဲ့ ကာလတည်းက အများအကျိုးအတွက်ကို သယ်ပိုးပေးခဲ့ပါတယ်။ရွေးကောက်ပွဲကတော့ ပြည်သူပြည်သားတွေ အဆင်ပြေမယ့် အဖွဲ့အစည်းကို မဲပေးရမှာပဲ။ကိုယ်သဘောကျတဲ့ပါတီ တိုင်းပြည်ကို အကျိုးပြုမယ့်သူကို မဲပေးရမှာပဲ။
ဘယ်သူစည်းရုံးပါစေ ကိုယ်မပါသွားဖို့ အရေးကြီးတယ်။ တကယ်တော့ မဲ ထည့်တဲ့ အချိန်ကာလက အဓိက ကျပါတယ်။မဲမမေးခင်ရော ပဲပြီးရောပြောကြမှာပါပဲ။ အငြင်းပွားမှုတွေ စည်းရုံးခံရမှုတွေ ကျွန်တော် မပါဘူး။ ကျွန်တော် တော့ ကိုယ့် စိတ်အတိုင်းပဲသွားမှာပါပဲ။ တကယ်က ကိုယ့်သမိုင်း ကိုယ့်အနာဂတ်ကိုရေးရမှာပါပဲ။လူတွေအားလုံးသေကြမှာပါပဲ။မသေခင်ကောင်းကောင်းမွန်မွန်ငြိမ်းငြိမ်းချမ်းချမ်းလေးနေရင် အကောင်းဆုံးပါပဲ။”လို့ ဦးကျော်သူ က သူ့ရဲ့ အမြင်ကို ပြောပြလာပါတယ်။
နာရေးကုညီမှုအသင်းဥက္ကဌ ဦးကျော်သူ က လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် ၂၀၂၀ ရွေး ကောက်ပွဲမှာတော့ ကိုယ့်စိတ်သဘောအတိုင်းသာဆုံးဖြတ်မဲပေးသွားမှဖြစ်ပြီး တိုင်းပြည်ကို အကျိုးပြုမယ့်ပါတီကိုသာ မဲပေးဖြစ်မယ်လို့ သိရပါတယ်။
Crd : Akonthi
0 comments:
Post a Comment