Tuesday, August 4, 2020

ထွန်းအိန္ဒြာဗို နှင့်တင်ဇာမော်တို့၏ ဂီတဖျော်ဖြေပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထား

ယခုလာမည့် ဩဂုတ် ၅ ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားသည့် ပရိသတ်များရဲ့ ချစ်ခြင်းတွေကို ယခုထင်တိုင်ပိုင်ဆိုင်ထားတဲ့ နာမည်ကြီး အမျိုးသမီးအဆိုရှင်နှစ်ဦး၏ ဖျော်ဖြေပွဲကို အနုပညာသီးသန့် တင်ဆက်ချင်သောကြောင့် ရက်ရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ယင်းပွဲကိုစီစဉ်သည့် King7 Dynasty ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုဝေမင်းမောင်က ပြောသည်။
‘‘ဒီပွဲက အစောကြီးကတည်းက စောင့်ကြည့်တဲ့သူတွေများတယ်။ အခုပွဲနားနီးလာတဲ့အချိန် မှာ မခိုင်ကြီးရဲ့ ပို့စ်လေးတစ်ခုက ဝေဖန်မှုတွေ၊ စောင့်ကြည့်တဲ့သူ တွေများသွားစေတယ်။ အခုချိန်မှာ ကိုယ်တို့အနေနဲ့ကတော့ အနုပညာသီးသန့် တင်ဆက်ချင်တဲ့အတွက် ရွှေ့လိုက်တာပါ။ မခိုင်ကြီးကိုလည်း အပြစ်ပြောတာမဟုတ်ပါဘူး။ ဒီအနေအထားအရ ရွှေ့ သင့်တယ်ထင်လို့ပါ’’ဟု ၎င်းက ပြောသည်။
ထွန်းအိန္ဒြာဗိုနှင့် တင်ဇာမော်တို့ ပါဝင်သည့် Makeup Room ဖျော်ဖြေပွဲကို ဩဂုတ် ၅ ရက်တွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက မဲစာရင်းကိစ္စနှင့်ပတ်သက်၍ ထွန်းအိန္ဒြာဗို ဖေ့စ်ဘွတ်ခ်၌ ရေးသားခဲ့သည့်အကြောင်းအရာအပေါ် ပရိသတ်အချို့က ဝေဖန်ခဲ့သည်။
‘‘ကျွန်မမှာတော့ ပြောစရာ ဘာမှမရှိပါဘူး။ ပွဲရက်ရွှေ့တာ ကလည်း စီစဉ်သူများရဲ့ဆန္ဒပါ’’ ဟု ပွဲရွှေ့သည့်ကိစ္စနှင့်ပတ်သက် ၍ ထွန်းအိန္ဒြာဗိုက ပြောသည်။
ယင်းပွဲပြန်လည်ကျင်းပမည့်ရက်ကို မသတ်မှတ်ရသေးဘဲ အားလုံးအေးအေးဆေးဆေးဖြစ် သွားသည့်အချိန်မှသာ ကျင်းပရန် စီစဉ်မည်ဟု ကိုဝေမင်းမောင်က ပြောသည်။
ယင်းဖျော်ဖြေပွဲကို ယခင်က ဇူလိုင် ၁၉ ရက်တွင် ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ပွဲကျင်းပမည့်ရက်နှင့် ဖျော်ဖြေပွဲကြော်ငြာတွင် အနုပညာရှင်များ ဝတ်ဆင်ထားသည့် အင်္ကျီအရောင်သည် ပါတီတစ်ခုကိုကိုယ်စားပြုသည်ဟု ဝေဖန်မှုများရှိခဲ့သောကြောင့် ဩဂုတ်လအတွင်း ကျင်းပရန် ရက်ရွှေ့ခဲ့ခြင်းဖြစ်သည်။
Crd : 7day

0 comments:

Post a Comment