Tuesday, August 4, 2020

ထိုင်းတွင်ရွှေဆိုင်၌ဓါးပြတိုက်ပြီးထွက်ပြေးသွားသူအားရဲတပ်ဖွဲ့မှလိုက်လံဖမ်းဆီးစဉ်ပြန်လည်ခုခံပစ်ခတ်ခဲ့သဖြင့် အသေဖမ်းဆီးရမိခဲ့ ၊ ရဲမှူး နှစ်ဦးဒဏ်ရာရ

ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ ရက်နေ့ ၁၉:၃၀ချိန်က ထိုင်းနိုင်ငံ ဘွန့်ကန်းခရိုင် ဖွန်းကျရုန်းမြို့ရှိ Tesco Lotus ကုန်တိုက်အတွင်းဖွင့်လှစ်ထားသောရွှေဆိုင်တစ်ခုသို့ အမျိုးသားတစ်ဦးသေနတ်ဖြင့် ဓါးပြတိုက်ကာ ရွှေထည်တစ်ချို့ကိုယူဆောင်၍ထွက်ပြေးတိမ်းရှောင်နေသောတရားခံနောက်သို့ အမှတ် (၄) ရဲတိုင်းဌာနချုပ်လက်အောက်ခံ ရဲတပ်ဖွဲ့မှဒုတိယရဲမှူးကြီး ကျရုန်းဝစ်ဦးစီးကာ လိုက်လံဖမ်းဆီးခဲ့ရာ ဩဂုတ်လ ၃ ရက်နေ့ ၁၄:၃၀ ချိန်တွင် ခွန်ကဲန်းမြို့၌ခြေရာခံမိခဲ့ပြီး လမ်းမပေါ်တွင် ဓါးပြမှပြန်လည်ခုခံပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့နှင့်အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ကြရာ ဓါးပြအားပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ည၂၀:၀၀ ချိန်တွင်ရရှိဒဏ်ရာဖြင့်ဆေးရုံတွင်သေဆုံးသွားကြောင်းသိရှိရသည် ။
သေဆုံးသွားသောဓါးပြမှာ အသက် ၃၆ နှစ်အရွယ် နိုင်ရန်းဆန်းဖြစ်ကြောင်း ၊ နခွန်ရတ်ချ်စီမာမြို့တွင်နေထိုင်သူဖြစ်ပြီး ၎င်းထံမှ ရွှေဆွဲကြိုး (၈၆)ကုံး အလေးချိန် (၉၀) ဘတ်သားထည့်ထားသောလက်ဆွဲအိပ်အမဲတစ်လုံး ၊ Glock 45 အမျိုးအစား ၉ မမ ပစ္စတို ၁ လက်တို့ကိုသက်သေခံအဖြစ်သိမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည် ။
အပြန်အလှန်ပစ်ခတ်မှုကြောင့် ရဲမှူး နှစ်ဦးတို့ကိုထိမှဒဏ်ရာရရှိခဲ့တဲ့အတွက်ဆေးရုံတွင် (မစိုးရိမ်ရ)လူနာအဖြစ် ဆေးကုသမှုခံယူထားကြောင်းသတင်းရရှိပါသည် ။
Crd : SiThuMaung

0 comments:

Post a Comment