ယီမင်ရဲ့ ကာကွယ်ရေးစနစ်ဟာ RQ-20 အမေရိကန် ကင်းထောက်ဒရုန်းယာဉ်ကို ဆော်ဒီအာရေဗျနဲ့ ယီမင်နယ်စပ်နားမှာ ပစ်ချနိုင်ခဲ့တယ်လို့ စစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် ယာယာ ဆာရီက သြဂုတ် ၂ ရက်မှာ ပြောပါတယ်။
ယီမင်နိုင်ငံထဲကို ဆော်ဒီပိုင်နက်ထဲကနေ ဖြတ်ပြီး ဝင်လာဖို့ ကြိုးစားနေတဲ့ ဆော်ဒီညွန့်ပေါင်းတပ်တွေဟာ ရှေ့တန်း သုံးနေရာမှာ ယီမင်စစ်တပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ကြောင်း၊ လေးနာရီကြာ ပဋိပက္ခအတွင်း တိုက်ခိုက်သူတချို့ သေဆုံးဒဏ်ရာရပြီး ပြန်ဆုတ်ခွာသွားခဲ့ကြတယ်လို့ ယီမင်စစ်တပ် သတင်းရင်းမြစ်ကို ကိုးကားပြီး အီရန်အခြေစိုက် မေဟီယာသတင်းက ဆိုပါတယ်။
အယ်ရို ဗာရွန်မန့် RQ-20 ပူးမား ဒရုန်းယာဉ်ဟာ ဘက်ထရီစွမ်းအင်သုံး အမေရိကန်လုပ် မောင်းသူမဲ့ လေယာဉ်အမျိုးအစားပါ။ အီလက်ထရောနစ် နည်းပညာသုံး အမြင်အာရုံခံစနစ်နဲ့ အနီအောက် ရောင်ခြည်သုံး ကင်မရာတို့ကို အသုံးပြုပြီး ကင်းထောက်တာ၊ ထောက်လှမ်းရေး အချက်အလက် စုဆောင်းတာတွေကို အဓိက လုပ်ဆောင်ပါတယ်။
crd-dvb #Myanmar_Online_News
>>Zawgyi<<
ယီမင်စစ်တပ်က အမေရိကန် ကင်းထောက်ဒရုန်းယာဉ်အား ပစ်ချ
Monday, August 3, 2020
ယီမင်ရဲ့ ကာကွယ်ရေးစနစ်ဟာ RQ-20 အမေရိကန် ကင်းထောက်ဒရုန်းယာဉ်ကို ဆော်ဒီအာရေဗျနဲ့ ယီမင်နယ်စပ်နားမှာ ပစ်ချနိုင်ခဲ့တယ်လို့ စစ်တပ် ပြောခွင့်ရ ဗိုလ်မှူးချုပ် ယာယာ ဆာရီက သြဂုတ် ၂ ရက်မှာ ပြောပါတယ်။
ယီမင်နိုင်ငံထဲကို ဆော်ဒီပိုင်နက်ထဲကနေ ဖြတ်ပြီး ဝင်လာဖို့ ကြိုးစားနေတဲ့ ဆော်ဒီညွန့်ပေါင်းတပ်တွေဟာ ရှေ့တန်း သုံးနေရာမှာ ယီမင်စစ်တပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ကြောင်း၊ လေးနာရီကြာ ပဋိပက္ခအတွင်း တိုက်ခိုက်သူတချို့ သေဆုံးဒဏ်ရာရပြီး ပြန်ဆုတ်ခွာသွားခဲ့ကြတယ်လို့ ယီမင်စစ်တပ် သတင်းရင်းမြစ်ကို ကိုးကားပြီး အီရန်အခြေစိုက် မေဟီယာသတင်းက ဆိုပါတယ်။
အယ်ရို ဗာရွန်မန့် RQ-20 ပူးမား ဒရုန်းယာဉ်ဟာ ဘက်ထရီစွမ်းအင်သုံး အမေရိကန်လုပ် မောင်းသူမဲ့ လေယာဉ်အမျိုးအစားပါ။ အီလက်ထရောနစ် နည်းပညာသုံး အမြင်အာရုံခံစနစ်နဲ့ အနီအောက် ရောင်ခြည်သုံး ကင်မရာတို့ကို အသုံးပြုပြီး ကင်းထောက်တာ၊ ထောက်လှမ်းရေး အချက်အလက် စုဆောင်းတာတွေကို အဓိက လုပ်ဆောင်ပါတယ်။
crd-dvb #Myanmar_Online_News
0 comments:
Post a Comment