ထိုင်းနိုင်ငံ Nong Bua Lamphu ပြည်နယ်မှာ ရေလွှမ်းမိုးမှုတွေကြောင့် စိုက်ပျိုးမြေ ဧက ၄၀၀ နီးပါးနဲ့ အဝေးပြေးလမ်းမကြီးတစ်ခုတို့ ရေမြုပ်ခဲ့ကြောင်း သိရပါတယ်။
ဇူလိုင် ၃၀ ရက်ကစ ရွာခဲ့တဲ့ မိုးကြောင့် ခရိုင်တွင်းရှိ ဒေသများစွာ ရေလွှမ်းမိုးခဲ့ရပြီး ဥဒုံသာနီနဲ့ လွိုင်ပြည်နယ်အကြား ဆက်သွယ်ထားတဲ့ အမှတ် ၂၀၁ အဝေးပြေးလမ်းမကြီး အသွားအလာပြတ်တောက်သွားခဲ့ကြောင်း နာကလန်ခရိုင်ဝန် သောင်လန် ကက်သောင်မာက တနင်္ဂနွေနေ့(သြဂုတ် ၂) မှာ ပြောဆိုခဲ့ပါတယ်။
ရေကြီးမှုကြောင့် စပါးခင်း၊ ကြံခင်း၊ ငါးကန်တွေအပါအဝင် စိုက်ပျိုးမြေဧရိယာ ဧက ၄၀၀ နီးပါး ရေနစ်မြုပ်ခဲ့ပြီး မိုး ဆက်လက်ရွာသွန်းနေမယ်ဆိုရင် နောက်ရက်အနည်းငယ်အတွင်း မြူနီစီပယ်ဇုန်တွေရှိ လူနေရပ်ကွက်တွေအထိ ရေလွှမ်းမိုးလာမှာဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ပြည်နယ်တွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးအားလုံးအနေနဲ့ လူထုကို ရေကြီးမှု သတိပေးချက်တွေ ထုတ်ပြန်ခြင်း၊ ဘေးလွတ်ရာရွှေ့ပြောင်းခြင်းနဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို ကုန်းမြင့်နေရာတွေဆီ ရွှေ့ပြောင်းထားခြင်းတွေလုပ်ဆောင်ကြဖို့ Nong Bua Lamphu ပြည်နယ် အုပ်ချုပ်ရေးမှူးက ညွှန်ကြားခဲ့ပါတယ်။
crd-AKonThi #Myanmar_Online_News
>>Zawgyi<<
ထိုင်းတွင် မိုးကြီး၍ စိုက်ပျိုးမြေတွေနဲ့ အဝေးပြေးလမ်း ရေမြုပ်
Monday, August 3, 2020

0 comments:
Post a Comment