Tuesday, August 4, 2020

၂၀၂၀ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများအနက် လူငယ်လူရွယ်များကို ဦးစားပေးထားပြီးအသက် ၆၀ကျော်အရွယ် ၂၀ရာခိုင်နှုန်းသာပါဝင်ကြောင်း သိရ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများအနက် အသက် ၆၀ ကျော်အရွယ်သည် ၂၀ရာခိုင်နှုန်းသာ ပါဝင်ကြောင်း ပါတီဥက္ကဌ ဦးသန်းဌေးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အသက်အရွယ်အုပ်စုကို သရုပ်ခွဲကြည့်တော့ လူငယ် လူလတ်လူကြီး အချိုးညီပြီး အသက် ၆၀ကျော်အရွယ်က ၂၀ရာခိုင်နှုန်းလောက်ပဲ ပါဝင်တယ်လို့ ဦးသန်းဌေးက ၎င်း ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာဖြစ်ပါတယ်။
“လူငယ်များကိုတိုက်တွန်းချင်တာက လူငယ်ကိုစိတ်မချဖြစ်တတ်တာက လူကြီးတွေရဲ့ သဘာဝအားနည်းချက်မို့ ဒီအပေါ်မှာ စိတ်ငြိုငြင်မခံပါနဲ့။ အတွေ့အကြုံပြည့်စုံ ရင့်ကျက်ပြီးသား နိုင်ငံရေးလူလတ်ပိုင်းအနေနဲ့လဲ အရှုံးအနိုင်၊ အနိမ့်အမြင့် သင်္ခန်းစာတွေကို အကောင်းဆုံးအသုံးချပြီး တာဝန်ကျေစေချင်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။
ဒါ့ပြင် ၂၀ရာခိုင်နှုန်းကျော်ရှိသည့် အသက် ၆၀ကျော်အရွယ်များအနေနဲ့လည်း ယခုချိန်မှာ ခေါင်းဆောင်တာဝန်ကို နမူနာပြ ရှေ့ကနေကြိုးစားကြပြီး တာဝန်ကျေပွန်ပြီးသည့်အခါမှာလည်း နိုင်ငံတော်နဲ့ ပါတီ အစဉ်ရှင်သန်တိုးတက်ရေးအတွက် ကြည်ဖြူစွာ လက်ဆင့်ကမ်းပေးဖို့ အသင့်ပြင်ရန် တိုက်တွန်းပြောဆိုထားပါတယ်။
လာမယ့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများစာရင်းကို ယခု ဩဂုတ်လ ၁၀ရက်နေ့မှာ ကြေညာသွားရန် ရှိနေတာလည်းဖြစ်ပါတယ်။
Crd : UThanHtay'Fb #Myanmar_Online_News

0 comments:

Post a Comment