Tuesday, August 4, 2020

လာမည့် ရွေးကောက်ပွဲတွင် ပိုင်ဆိုင်မှုချပြကာ လွှတ်တော်အမတ်(ဟောင်း)ဒေါက်တာညိုညိုသင်း တစ်သီးပုဂ္ဂလအဖြစ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်

လာမည့်ရွေးကောက်ပွဲ၌ ပိုင်ဆိုင်မှုချပြပြီး ရွေးကောက်ပွဲဝင်သွားမယ်လို့ ရန်ကုန်တိုင်းအမတ် (ဟောင်း) ဒေါက်တာညိုညိုသင်းက ပြောပါတယ်။
ဒေါက်တာညိုညိုသင်းသည် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အမှတ်(၉) မဲဆန္ဒနယ်၌ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်းဖြစ်ကြောင်း သိရှိရပါတယ်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ တနင်္သာရီတိုင်းသည် NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရရှိသည့် တိုင်းဒေသကြီး တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
အဆိုပါ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၉)နေရာ၌ NLD ပါတီမှ ဦးရဲမြင့်ဆွေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။
Crd : People

0 comments:

Post a Comment