Thursday, August 27, 2020

ကိုရိုနာဗိုင်းရပ်စ်နဲ့ တိုင်ဖွန်းမုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရန် မြောက်ကိုရီးယားခေါင်းဆောင် သတိပေး

မြောက်ကိုရီးယားအစိုးရအာဏာပိုင်တွေအနေနဲ့ လက်ရှိရင်ဆိုင်ကြုံတွေ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နဲ့ ချဉ်းကပ်လာနေတဲ့ တိုင်ဖွန်းမုန်တိုင်းဘာဗီတို့နဲ့ပတ်သက်ပြီး သတိထားပြင်ဆင်ဖို့လိုအပ်ကြောင်း ခေါင်းဆောင်ကင်ဂျုံအန်က ထုတ်ဖော်ပြောကြားလိုက်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက ကျန်းမာရေးမကောင်းတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီး မီဒီယာစာမျက်နှာတွေပေါ်ကနေ ပျောက်ကွယ်နေတဲ့ ကင်ဂျုံအန်ဟာ ဩဂုတ်လ ၂၆ ရက်နေ့မှာတော့ အစိုးရပါတီဖြစ်တဲ့ အလုပ်သမားပါတီ အစည်းအဝေးတစ်ခုကို တက်ရောက်လာခဲ့ အထက်ပါအတိုင်း ပြောဆိုခဲ့တာပါ။
လက်ရှိအချိန်အထိ မြောက်ကိုရီးယားနိုင်ငံမှာ Covid-19 ရောဂါကူးစက်မှုမရှိကြောင်း ကြေညာထားပေမယ့် နိုင်ငံတကာလေ့လာသူတွေကတော့ သတင်းအမှောင်ချထားခြင်းသာဖြစ်တယ်လို့ ယူဆနေကြပါတယ်။ တစ်ဖက်မှာလည်း တိုင်ဖွန်းမုန်တိုင်းဘီဗာဟာ ယနေ့မှာ မြောက်ကိုရီးယားနိုင်ငံကို ဖြတ်သန်း တိုက်ခတ်မယ်လို့ သိရပါတယ်။
>>zawgyi<<

Friday, August 28, 2020

0 comments:

Post a Comment