Friday, August 28, 2020

ကိုရိုနာဗိုင်းရပ်ပြန်လည်ပြန့်ပွားလာ၍ လူစုလူဝေး မလုပ်ကြဖို့ WHO ညွှန်ကြားရေးမှုး သတိပေး

လူစုလူဝေးနဲ့ အခမ်းအနားတွေလုပ်ရာကနေ ကိုရိုနာဗိုင်းရပ်ပြန်လည်ပြန့်ပွားလာတာကို နိုင်ငံအတော်များများမှာတွေ့ရတဲ့အတွက် ဒါကို သတိထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှုး Tedros Adhanom Ghebreyesus က ကြာသပတေးနေ့မှာ ပြောကြားလိုက်တယ်လို့ သိရပါတယ်။
နိုင်ငံအချို့မှာ လူမှုရေးအခမ်းအနားတွေ ပြန်လည်ကျင်းပခွင့်ပြုလိုက်တယ်။ အဲဒီကနေ ရောဂါကူးစက်မှု စတာပါပဲ။ ဒါကြောင့် ဒီလိုအခမ်းအနားတွေမှာ လုံခြုံမှုရှိအောင် ဘယ်လိုစီမံမလဲဆိုတာကို သက်ဆိုင်ရာနိုင်ငံအလိုက် ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီကူးစက်ရောဂါကြောင့် လူတွေဟာ စိုးရိမ်ပြီး ကြောက်ရွံ့လာကြတဲ့အတွက် စိတ်ကျန်းမာရေးလုပ်ငန်းကို အနောက်အယှက်ဖြစ်လာစေတယ်လို့ WHO ညွှန်မှုးက အောက်တိုဘာ ၁၀ ရက်နေ့မှာကျရောက်မယ့် စိတ်ကျန်းမာရေးဆိုင်ရာ အသိပေးရေးနေ့မတိုင်မီ WHO ညွှန်မှုးက အခုလိုပြောကြားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
>>zawgyi<<
ကိုရိုနာဗိုင်းရပ်ပြန်လည်ပြန့်ပွားလာ၍ လူစုလူဝေး မလုပ်ကြဖို့ WHO ညွှန်ကြားရေးမှုး သတိပေး
Friday, August 28, 2020
လူစုလူဝေးနဲ့ အခမ်းအနားတွေလုပ်ရာကနေ ကိုရိုနာဗိုင်းရပ်ပြန်လည်ပြန့်ပွားလာတာကို နိုင်ငံအတော်များများမှာတွေ့ရတဲ့အတွက် ဒါကို သတိထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှုး Tedros Adhanom Ghebreyesus က ကြာသပတေးနေ့မှာ ပြောကြားလိုက်တယ်လို့ သိရပါတယ်။
နိုင်ငံအချို့မှာ လူမှုရေးအခမ်းအနားတွေ ပြန်လည်ကျင်းပခွင့်ပြုလိုက်တယ်။ အဲဒီကနေ ရောဂါကူးစက်မှု စတာပါပဲ။ ဒါကြောင့် ဒီလိုအခမ်းအနားတွေမှာ လုံခြုံမှုရှိအောင် ဘယ်လိုစီမံမလဲဆိုတာကို သက်ဆိုင်ရာနိုင်ငံအလိုက် ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီကူးစက်ရောဂါကြောင့် လူတွေဟာ စိုးရိမ်ပြီး ကြောက်ရွံ့လာကြတဲ့အတွက် စိတ်ကျန်းမာရေးလုပ်ငန်းကို အနောက်အယှက်ဖြစ်လာစေတယ်လို့ WHO ညွှန်မှုးက အောက်တိုဘာ ၁၀ ရက်နေ့မှာကျရောက်မယ့် စိတ်ကျန်းမာရေးဆိုင်ရာ အသိပေးရေးနေ့ မတိုင်မီ WHO ညွှန်မှုးက အခုလိုပြောကြားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment