Thursday, August 27, 2020

တောင်ကိုရီးယားမှာ စံချိန်တင် လူနာတွေ့ရှိခဲ့၍ နေအိမ်မှသာ အလုပ်လုပ်စေဖို့ အမိန့်ချမှတ်လို

တောင်ကိုရီးယားနိုင်ငံမှာ မတ်လမှစ ယနေ့ထိအတွင်း အမြင့်ဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ နေ့စဉ်ထပ်တိုးမှုနှုန်းကို အစီရင်ခံပြီးနောက် ကြာသပတေးနေ့ ( ယနေ့ ) မှာ ဝန်ထမ်းတွေကို နေအိမ်မှသာ အလုပ်လုပ်စေခြင်း ( Work From Home) ပြုလုပ်စေဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၄၄၁ ဦး ထပ်တိုးပြီး နိုင်ငံရဲ့ ပထမလှိုင်း ဗိုင်းရပ်စ်ကူးစက်မှုဖြစ်တဲ့ မတ်လအစောပိုင်းမှ ယနေ့ထိမှာ အမြင့်ဆုံး နေ့စဉ်ကူးစက်လူနာ ထပ်တိုးမှုနှုန်းအဖြစ် စံချိန်တင်ခဲ့တယ်လို့ နိုင်ငံရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ ( KCDC )က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့အာဏာရပါတီ အစည်းအဝေးပွဲမှာ ဓာတ်ပုံရိုက်ကူးဖို့ ဝင်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာကြောင့် နိုင်ငံအမျိုးသားလွှတ်တော်လည်း ကြာသပတေးနေ့မှာ ပိတ်သိမ်းလိုက်ရပါတယ်။ ယင်းကြောင့် ပါတီဥက္ကဌနဲ့ ပါလီမန်ခေါင်းဆောင်များ အပါအဝင် ထိတ်တန်းအရာရှိ ၁၀ ဦး သီးခြားစီ ခွဲနေထိုင်ပြီး ဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးမှု ခံယူနေတယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၈၇၀၆ ဦး၊ သေဆုံးသူ ၃၁၃ ဦးအထိ ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
>>zawgyi<<

0 comments:

Post a Comment