ဩစတြေးလျဝန်ကြီးချုပ် Scott Morrison မှ အဆိုပြုထားသည့် ဩစတြေးလျ ဥပဒေသည် ဒေသခံအာဏာပိုင်များ၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် ပြည်ပအစိုးရများနှင့် ပြုလုပ်ထားသည့် မည်သည့်သဘောတူညီချက်မဆို ဖျက်သိမ်းရန် ဖက်ဒရယ်အစိုးရအား ခွင့်ပြုမည်ဖြစ်ပြီး တရုတ်နိုင်ငံအား ရည်ရွယ်ခြင်းမဟုတ်ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့က ပြောကြားခဲ့ပါသည်။
ဩစတြေးလျနိုင်ငံသည် ကုန်သွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များအပါအဝင် အငြင်းပွားမှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်များဖြစ်ပေါ်နေချိန်တွင် နိုင်ငံအတွင်း တရုတ်နိုင်ငံ၏လွှမ်းမိုးမှုကိုလျှော့ချရန် ကြိုးပမ်းသည့်အနေဖြင့် ဥပေဒသစ်အား ပြဋ္ဌာန်း ခဲ့ပါသည်။
ဩစတြေးလျဝန်ကြီးချုပ် Morrison မှ ၎င်းဥပဒေသည် ဩစတြေးလျနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားများနှင့် သက်ဆိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ဥပဒေသစ်အရ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ပြည်နယ်အစိုးရများ၊ ဒေသဆိုင်ရာ ကောင်စီများ သို့မဟုတ် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပ အစိုးရများနှင့် ပြုလုပ်ထားသည့် သဘောတူညီချက်များသည် ဩစတြေးလျနိုင်ငံ၏ ပြည်ပရေးရာဆက်ဆံရေးများတွင် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်စေခဲ့လျှင် သို့မဟုတ် ဩစတြေးလျနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် ကိုက်ညီမှုမရှိခဲ့လျှင် ၎င်းတို့အား ဖျက်သိမ်းခွင့်ရှိပါသည်။
ဩစတြေးလျအစိုးရအနေဖြင့် နိုင်ငံပေါင်း ၃၀ နှင့် အစိုးရအဖွဲ့အစည်းများ အကြား ချုပ်ဆိုထားသည့် သဘောတူညီချက် ၁၃၀ အား သတိပြုမိကြောင်း Morrison မှ ပြောကြားခဲ့ပါသည်။
အဆိုပါသဘောတူညီချက်များထဲတွင် ၂၀၁၈ ခုနှစ်က ဩစတြေးလျနိုင်ငံ၏ ဒုတိယလူဦးရေအများဆုံးပြည်နယ်၌ တရုတ်နိုင်ငံ၏ ပိုးမလမ်းစီမံကိန်းအား လက်မှတ် ရေးထိုးခြင်းလည်းပါဝင်ပါသည်။ ထိုစဉ်က အဆိုပါလက်မှတ်ရေးထိုးမှုနှင့် ပတ်သက်၍ Morrison မှ ပြစ်တင်ဝေဖန်ခဲ့ပါသည်။
Coronavirus ရောဂါ စတင်ဖြစ်ပေါ်လာမှုနှင့်ပတ်သက်၍ နိုင်ငံတကာစုံစမ်း စစ်ဆေးမှုများပြုလုပ်ရန်နှင့် မကြာသေးမီက စိုက်ပျိုးရေးသဘောတူညီမှုကို တားမြစ်ရန် ဩစတြေးလျနိုင်ငံမှ တောင်းဆိုခဲ့ပြီးနောက် ဩစတြေးလျနိုင်ငံနှင့် ၎င်း၏အကြီးမားဆုံး ကုန်သွယ်ရေးမိက်ဖက်ဖြစ်သည့် တရုတ်နိုင်ငံကြား ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့ ပါသည်။
တရုတ်နိုင်ငံသည် ဩစတြေးလျနိုင်ငံ၏ ဝိုင်၊ မုယောစပါးနှင့် အမဲသားတင်ပို့မှု များအပေါ် ပစ်မှတ်ထားခဲ့ပြီး လူမျိုးရေးခွဲခြားဆက်ဆံမှုများဖြစ်ပေါ်နေသည့်အတွက် ဩစတြေးလျနိုင်ငံသို့ သွားရောက်ခြင်းမပြုရန် တရုတ်နိုင်ငံမှကျောင်းသားများနှင့် ခရီးသွားများအား ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် ဩစတြေးလျပို့ကုန်များ၏ သုံးပုံတစ်ပုံကျော်ကို ဝယ်ယူလျက် ရှိပြီး တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသည်နှင့် တရုတ်ကျောင်းသား တစ်သန်းကျော်အား ဩစတြေးလျနိုင်ငံသို့ စေလွှတ်လျက်ရှိပါသည်။
>>zawgyi<<
အဆိုပြုထားသည့် ပြည်ပဗီတိုအာဏာသည် တရုတ်နိုင်ငံအား ရည်ရွယ်ခြင်းမဟုတ် ကြောင်း ဩစတြေးလျဝန်ကြီးချုပ်မှ ပြောကြားခဲ့
Thursday, August 27, 2020

0 comments:
Post a Comment