Tuesday, August 4, 2020

ရန်ကုန်မိုးပျံလမ်းစီမံကိန်း ၂၀၂၁ ခုနှစ်မှသာ စတင်နိုင်တော့မည်ဖြစ်ကြောင်း သိရ

ရန်ကုန်မိုးပျံလမ်းစီမံကိန်းကို လာမည့် ၂၀၂၁ ခုနှစ်မှသာစတင်နိုင်တော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန(လမ်းဦးစီး) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။
အဆိုပါစီမံကိန်းအတွက် နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရမည့် ကုမ္ပဏီ ၉ ခုသည် စက်တင်ဘာလ ၁ ရက်နောက်ဆုံးတင်သွင်းရမည်ဖြစ်ကာ အောက်တိုဘာလတွင် လုပ်ကိုင်ခွင့်ရရှိသည့်ကုမ္ပဏီကို ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ အောက်တိုဘာမှာကြေညာမယ်၊ ပြီးရင်ကက်ဘိနက်ကိုတင်မယ်၊ နှစ်ကုန်ပိုင်းမှစတင်သလို ဖြစ်သွားတာပေါ့၊ ပုံမှန်အတိုင်းဆိုရင် ဇူလိုင်၊ သြဂုတ်မှာစဖို့လုပ်ထားတာ၊ ကိုဗစ်ဝင်သွားတာနဲ့ ဒီဟာကို ခဏဆိုင်းလိုက်တာပေါ့၊ အခုနောက်ဆုံးသူတို့နဲ့ညှိနှိုင်းပြီးအစိုးရအဖွဲ့ကို တင်ပြတော့ နောက်ဆုံးလေကြောင်းလိုင်းတွေ မဖွင့်သေးဘူးဆိုရင် E-bidding system(အီလက်ထရောနစ်တင်ဒါစနစ်) နဲ့လုပ်ပါပေါ့၊ အဲဒီလိုဖြတ်လိုက်တယ်၊ လေကြောင်းလိုင်းတွေက ခုထိမဖွင့်သေးဘူးဆိုရင်တော့ E-bidding system(အီလက်ထရောနစ်တင်ဒါစနစ်) ပဲဖြစ်ဖို့များပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန(လမ်းဦးစီး) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပသွားမည်ဖြစ်သည့်အတွက် အစိုးရအကူးအပြောင်းတွင်လည်း ယင်းစီမံကိန်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် မိုးပျံစီမံကိန်းတစ်ခုလုံးသည် ၄၄ ဒသမ ၁ ကီလိုမီတာရှိပြီး အရှေ့ဘက်ခြမ်းအပိုင်း (၁) သည် ၂၇ ဒသမ ၆ ကီလိုမီတာ (၁၇) မိုင်ကျော်နှင့် အနောက်ခြမ်းအပိုင်း (၂) သည် ၁၆ ဒသမ ၅ ကီလိုမီတာ(၁၀) မိုင်ကျော်ရှိကြောင်း သိရသည်။
ကနဦးစတင်မည့် Phase 1 သည်အထက်ပုဇွန်တောင်လမ်းမှ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်း၊ ခရေပင်လမ်းတို့ကိုဖြတ်၍ အောက်မင်္ဂလာလမ်းဆုံးအထိဖြစ်ကြောင်း သိရသည်။
Crd : TheFifthWave

0 comments:

Post a Comment